Part (23) Uni/Zawgyi

20.2K 698 47
                                    

ပြန်လိုချင်တယ်

အပိုင်း (23)

"မောင် လည်းအကောင်းဆုံးကြိုးစားခဲ့တာပဲ ဒါပေမဲ့ မောင်ထင်ထားသလိုဖြစ်မလာဘူး မ ရယ်"

ကျော်ဇောလင်းသည် နေပိုင်ထွဋ်ဆီကနေလုယူထားသော Project ဟာ သူထင်သလောက်မအောင်မြင်ပဲ Fail ခဲ့တာမို့ ဇနီးဖြစ်သူ ဟေမာန်ထွဋ်အားငြီးတွားပြောဆိုသည်။

ဟေမာန်ထွဋ်က သူမရဲ့ရုံးခန်းထဲကဆိုဖာပေါ်မှာ ခြေချိတ်ပြီးလက်ပိုက်လျှက် စိတ်ညစ်စွာထိုင်နေသည်။

ဟေမာန်ထွဋ်သည် ကျော်ဇောလင်းအားယုံကြည်ပြီး ဦးသောင်းထွဋ်ဆီကမျက်နှာရဖို့အတွက် နေပိုင်ထွဋ်၏Project ကိုသူမကိုယ်တိုင်လုယူပေးခဲ့တာဖြစ်သည်။ အခုတော့ငွေတွေအများကြီးလိုတာထက်ပို၍မြှုပ်နှံခဲ့ပေမဲ့ ပထမအကြိမ်ကနေပိုင်ထွဋ်ရဲ့ Product ကိုလုံးဝမမှီပေ။

ဟေမာန်ထွဋ်လည်းတော်တော်လေးစိတ်ညစ်နေတာမို့ မပြုံးနိုင်ဘဲမျက်နှာကအင်မတန်ညှိုးကျနေတာဖြစ်သည်။ အဘိုးဆီက သေချာပေါက်နေပိုင်ထွဋ်နဲ့ယှဥ်ပြီးအနှိမ်ခံရတော့မှာဖြစ်သည်။

"ဟင်...မ မောင့်ကိုတစ်ခုခုပြန်ပြောပါဦးလား မကပါအခုအချိန်မှာမောင့်ဘက်ကမဟုတ်ရင် မောင်အရမ်းသိမ်ငယ်ရတယ်မရယ် မောင်ကမရဲ့မျက်နှာတစ်ခုတည်းကိုကြည့်ပြီးနေလာခဲ့တာပါ"

ကျောဇောလင်းဟာ ဟေမာန်ထွဋ်ရဲ့ဘေးမှာဝင်ထိုင်ပြီးဟေမာန်ထွဋ်ရဲ့လက်မောင်းတစ်ဖက်ကိုကိုင်ဆွဲကာအားကိုးတကြီးနဲ့သူ့ကိုအားပေးဖို့ပြောနေသည်။

"အင်းပါမောင်ရယ် မ သိပါတယ် မောင်ကြိုးစားခဲ့တာလည်းမသိပါတယ် စိတ်ဓာတ်မကျပါနဲ့ မက မောင့်ဘက်မှာရှိနေမှာပါ"

ဟေမာန်ထွဋ်သည်သူ့ဆီကိုမျက်နှာငယ်ကလေးနှင့်လာမှီပြီးစိတ်ဓာတ်ကျနေဟန်ရှိသော ခင်ပွန်းသည်မောင့်မျက်နှာကိုငေးကြည့်ရင်းအားပေးလေသည်။

"ဒါပေမဲ့ဒီည အဘိုးက Family Dinner စီစဥ်နေတယ် မောင် အဘိုးဆီကအပြောကတော့ခံရမှာပဲ မ တတ်နိုင်သလောက်မောင့်ကိုကာကွယ်ပေးပါ့မယ် "

"မက မောင့် ဘဝရဲ့နေမင်းကြီးပါပဲ မရယ် မောင် မကိုအရမ်းချစ်တယ် "

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now