Epi(47) Zawgyi

2.1K 71 3
                                    

အပိုင်း(၄၇)

"ဘာပြောတာလဲ ခီ"

အဆင့်တက်ကြမလားဆိုသည့် စကားကို ချစ်ရသူက ဘယ်လိုဘယ်ပုံတွေးလိုက်သည်မသိ ဖြဖြူဖွေးဖွေးမျက်နှာလေး‌တောင်မှ ပန်းရောင်သန်းလျက်။

ရူးတော့မှာပဲ…။

"အဆင့်တက်ကြမလားလို့ "

ခီက အစတည်းကပြင်ဆင်ထားသည့် လက်စွပ်ဗူးကို ထုတ်လိုက်သည်။

"ကျွန်တော့်ကို လက်ထပ်မယ်မလား ညိမ်"

ရုတ်တရက်ဆန်လွန်းတာကြောင့် မိုးသန့်ညိမ် ဘာပြောရမှန်းမသိ။
လက်စွပ်ဗူးကို ဖွင့်လိုက်တော့ နီလာကျောက်နဲ့ အနုစိတ်လုပ်ထားတဲ့ လက်စွပ်လေးကို မြင်လိုက်ရသည်။

"ကျွန်တော် ဒါကို အစတည်းက ပြင်ဆင်ထားခဲ့တာ white goldနဲ့ sapphireလေ ညိမ်သဘောကျရဲ့လား "

လက်စွပ်က ထူထူထဲထဲလေးကိုမှ အလယ်ကကျောက်မှာ နီလာလေးဖြစ်သည်။ နီလာက သစ္စာရှိမှူကို ကိုယ်စားပြုတာက တစ်ကြောင်းပေမို့ သူဒါကိုသာရွေးချယ်ခဲ့ခြင်းပင်။
ညိမ် သဘောကျမှာပါ။

"မင်းလက်စွပ်က နည်းနည်းမထူဘူးလား "

"နည်းနည်းပါ ပထမက ပါးပါးလေးကို ညိမ်နဲ့လိုက်မယ်ထင်လို့ ဒါပေမဲ့ လက်စွပ်က ပါး‌နေလို့ သူများတွေ မမြင်ရင် ဘယ်လိုလုပ်မလဲ "

"ဘာကိုလဲ "

"လက်စွပ်ထူမှ ညိမ်လက်ထပ်ထားကို တန်းသိမှာပေါ့ ၊ ပါးနေလို့ အလှဝတ်ထားတယ်ထင်ရင် ဘယ်လိုလုပ်မလဲ "

"ကျွန်တော် ညိမ်နဲ့ပဲ တစ်ဘ၀လုံး ကုန်ဆုံးသွားချင်တယ် "

သူ့ပုံစံနဲ့ မတူပဲ ခေါင်းကို ငုံ့ကာပြောနေသူက ငြင်းလိုက်မည်ကို ကြောက်နေသည့်အလား ။ မာနကြီးပြီး အမြဲနှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘယ်သူနဲ့မှ အရောတ၀င်မနေတတ်သည့် ပုံစံရဲ့ တစ်ဖက်ခြမ်းမှာ ဒီလိုပုံရှိမှန်း ကြာလာတော့မှ သူတဖြည်းဖြည်း နားလည်လာရသည်။

"ငါ မင်းကို ချစ်တယ်လေ ခီ ၊ အမှန်တော့ တချို့အကြောင်းအရာတွေကြောင့် မင်းကို ခွင့်မလွှတ်တော့ဘူးလို့ အများကြီးတွေးခဲ့တယ် ဒါပေမဲ့ မင်းကိုမြင်လိုက်ရတော့ အဲ့အတွေးတွေက ဘယ်ရောက်သွားမှန်းမသိဘူး မင်းသိလောက်မှာမဟုတ်ပေမဲ့ ငါကချစ်ရင် တစ်ဆုံး မုန်းရင် တစ်ဆုံးပဲ မင်းကိုမုန်းမယ်လို့တွေးခဲ့ပေမဲ့ ချစ်တဲ့ရာခိုင်နှုန်းက များနေခဲ့တယ်ထင်ပါတယ်"

Love Of My Life [Completed]Where stories live. Discover now