အပိုင်း(၆၉)

12.2K 603 12
                                    


ဝင်ခဲ့တော့ ! ဆိုတဲ့ အစ်ကိုမင်းမြတ်စကားသံ အဆုံး ချပ်ဖာကြီးမ၍ သယ်လာသော အိမ်အကူများကြောင့် အံ့ဩမှင်သက်လျှက် ။

ကိုယ်ရံတော်တချို့ မ, လာသော ကတ်ထူချပ်ဖာတွေကြောင့် ကျွန်တော်တို့မှာ ဘာတွေလဲဟု သိလိုစိတ်ဖြင့် ဖင်တကြွကြွ။ အပါးကိုကြည့်တော့ သိနေသည့်အလား သားငယ်ကို ကြည့်ပြီး ခေါင်းရမ်း၍ ရယ်မောနေပြန်သည်။ သားငယ်ဒယ်ဒီဆိုသူကတော့ ခပ်ပြုံးပြုံးဖြင့် ဒီကိစ္စမသိတာ ကျွန်တော်တယောက်တည်းလား ။

" ဘာ....ဘာတွေလဲ မမ "

" မမလည်း မသိဘူး ၊ ဖိုးသားလေးအတွက်ဆိုပြီး Germany ကနေ မနေ့ညနေ flight နဲ့ ရောက်လာတာ "

" ဟမ်....."

သားအတွက်ရည်ရွယ်ပြီး ပြည်ပက ဘယ်အရာတွေများလဲ ဆိုတာ သိလိုစိတ်တွေ တဖွားဖွား။ ပြည်ပထုတ် ကလေး ကစားစရာ၊ အဝတ်အစား ၊ အသုံးအဆောင်ဆိုတာ သားငယ်အမြဲထိတွေ့ဝတ်ဆင်နေကြဆိုပေမယ့် ခုလို သားငယ်အတွက်သီးသန့်ဆိုပြီး ကတ်ထူဖာကြီး၊ ငယ်တွေကြည့်ပြီး သားကိုတော့မနိုင်ဘူးဟု သက်ပြင်းဖွဖွ ချမိသည်။

အစ်ကိုမင်းမြတ်ရင်ခွင်ထဲကနေ လက်ခုပ်လေးဖွဖွတီးပြီး တူအရီးနှစ်ယောက်ဘာတွေတွတ်ထိုးနေတယ်မသိ သားငယ်က အစ်ကိုနား, နားကပ်၍ ပြောနေဟန် ။

" ဘာတွေ သက်ပြင်းချနေပြန်လဲ ငါ့မောင်ရယ် ၊ အိမ်တော်မှာ ဖိုးသားလေး အတွက်ဆိုတာကလွဲ သုံးရမယ့် အကြောင်းအရာ အပြင်မရှိဘူး နော် ဘာမှမဖြစ်ဘူး ၊ အစ်ကိုက တကူးတက ကိုမှာယူထားတာမို့ ဖိုးသားလေး ဘယ်လောက်ပျော်နေလဲ ကြည့်လိုက်"

" ဟုတ်တယ်သမီး...မြေးငယ် အပြုံးရယ်သံတွေကြောင့်ပဲ တို့အိမ်တော်က ပြန်အသက်ဝင်ရတာလေ "

" ဟုတ်ကဲ့ပါအပါး "

အားနာစိတ်တွေနှင့် ပေါ်ပေါ်တင်ထားသော ကျွန်တော်လက်ကို အသာဆုပ်ကိုင်ကာ ခေါင်းညိမ့်၍ ပြုံးပြသည်။

အားလုံးအဆင်ပြေတယ်ဆိုတဲ့သဘော။

Company မှ စာရင်းချုပ်တွေကိုတင်ပြရန် အိမ်တော်သို့လာကြသော ကိုလင်းနှင့် ဖိုင်တွဲများကိုကာ ဝင်လာကြသော ဝန်ထမ်းအကြီးအကဲ တစ်ချို့တို့ကြောင့် ထသွားရဟန်၊ နေရာဖယ်ပေးရန်ပြင်တော့ မမနဲ့အေးဆေး စကားပြောနေဆိုပြီး ဘယ်ဘက်နားထင်စပ်လေးကို ခပ်ဖွဖွနမ်းကာ အလုပ်ကိစ္စများဆွေးနွေးနေကြ အိမ်တော်၏ သီးသန့်ဘန်ဂလိုဆီ ထွက်သွားသည်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now