Chapter : 127

8.9K 896 205
                                    

Unicode

ကလေးက ချော့လို့ကို မရဘူး

_____________

ယုဂန်​၏မျက်ဝန်းနက်နက်ဝယ် မျက်ရည်တို့ ရစ်ဝါးနေခဲ့သည်။

ယုဂန် သူ​၏ရင်ခွင်၌ပိုက်ထားသော ကလေးငယ်ကိုငုံ့ကြည့်လိုက်သောအခါ သူ​၏နှလုံးသားတွင်းမှ နက်ရှိုင်းပူနွေးမှုများက ပိုမို၍ လှိမ့်တက်လာပြီး သူ့ကို ပို၍မျက်ရည်မဆည်နိုင်အောင်ဖြစ်နေစေသည်။

မောင်က သူ​၏ပခုံးကို ပိုမိုတင်းကျပ်စွာဖက်လိုက်သည်။
မောင်​၏ ကိုယ်သင်းရနံ့နှင့် ကိုယ်​၏နွေးထွေးမှုက ယုဂန်ကို လုံခြုံစေပြီး သက်တောင့်သက်သာရှိသော အိမ်ကလေးတစ်လုံးနှယ် ထွေးပွေ့လာသည်။

ယုဂန် မောင့်ကို အသာအယာမှီတွယ်လိုက်သည်။  သူ မောင့်ကိုလှည့်ကြည့်လိုက်သောအခါ မောင်က သူ​၏မျက်ရည်များကို နူးညံ့ညင်သာစွာ သုတ်သင်ပေးလာသည်။

ယုဂန် နှာကလေးကို တစ်ချက်ရှုံ့လိုက်​၏။ သူ့ကိုကြည့်ပြီး မောင်က ခပ်ရေးရေးပြုံးနေသည်။

ထိုအချိန်ဝယ် နံ့ရှားကြာဖြစ်သော သုနန္ဒာမှာ ယုဂန်နှင့်အရုဏနားသို့ လျှောက်လာသည်။ သူက ယုဂန်လက်ပေါ်မှ ကလေးဆီ လက်ကမ်းကာ

" ကလေးကို တစ်ချက်လောက်ကြည့်ပါရစေ"

ဟု ခွင့်တောင်းစကားဆိုသည်။

သုနန္ဒာတွင် ကလေးအတွက်ကြည့်ရှုစရာရှိနေမှန်း သိသည်မို့ ယုဂန် ကလေးကို သုနန္ဒာလက်ထဲသို့ ဂရုတစိုက်ထည့်ပေးလိုက်သည်။

သုနန္ဒာက ကလေးကို သေချာထွေးပွေ့၍ အစုံအဆန်ကြည့်ရှုနေသည်။ အထူးသဖြင့် ကလေး​၏ကိုယ်တွင်းစွမ်းအားကို သူ​၏စက္ခုအမြင်အာရုံနှင့် ချိန်ဆကြည့်ရှုနေသည်။ နတ်မင်းများထံမှ ပညာသင်ခဲ့ရသူမို့ လူတစ်ဦး​၏ဖြစ်တည်မှုကို ကြည့်ရှုရသည်မှာ သုနန္ဒာ​၏ကျွမ်းကျင်သောဘာသာရပ်တစ်ခု ဖြစ်သည်။

သုနန္ဒာက ကလေးကိုကြည့်ရှုပြီးနောက် ဆိုသည်။

" ကလေးက လူဘီလူးကပြားပါ။ ဘီလူးသွေးပါတာမို့လို့ အချိန်တစ်ခုရောက်တဲ့အခါ ဘီလူးအစွမ်းတွေ ပေါ်လာပါလိမ့်မယ်"

The Everlasting One (volume 2 + 3 )Where stories live. Discover now