𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》

5.4K 706 8
                                    

My Cherry Will Explode in the Apocalypse

Chapter 56《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》

Author: Drunken Light Song
Source: Jostena M
Translator: オタク

Unicode

ကျန့်ယွင်နှင့်အဖွဲ့သည် ဤနေရာ၏ စနစ်သည် အမှန်တကယ်ကို အလွန်ကျိုးကြောင်းသင့်လျော်ကြောင်း ထင်ကြ၏။ ငြိမ်းချမ်းသောကာလတွင် နိုင်ငံတော်၏ ထောက်ပံ့ရေးများကိုခံစားနေသည့်အချိန်တွင် အခွန်များကို အ‌ရင်မပေးဆောင်သင့်ပေဘူးလား? ယခုက ကမ္ဘာကြီး၏ အဆုံးသတ်အချိန်ဖြစ်သည်။ ပိုက်ဆံသည် သည်ထပ်ပိုပြီး အသုံးမ၀င်ပါတော့ချေ။ အလုပ်မှ အလုပ်ရမှတ်များရရှိခြင်းသည်  အလွန် သင့်လျော်၏။ ထို ချမ်းသာသောဒုတိယမျိုးဆက်များ၊ နိုင်ငံရေးမိသားစုဒုတိယမျိုးဆက်များ နှင့် အမြဲတစေစိုးရိမ်ပူပန်နေတတ်သော သက်ကြီးရွယ်အိုများ နှင့် ထိုလူမျိုးများသည်သာ ရေဆိုးရေညစ်၏အခွင့်ကောင်းကိုယူကာ မကျေမနပ်ခံစားနေမည့်သူများသာဖြစ်နိုင်သည်။

သူတို့၏ကိုယ်ရေးအချက်အလက်များကို မှတ်ပံတင်ကြပြီးနောက် ကျန့်ယွင်တို့အဖွဲ့သည် တစ်ယောက်ချင်းစီတိုင်း ယာယီနေထိုင်ခွင့်ကတ်လေးတစ်ခုကို ရရှိခဲ့ကြသည်။ ကတ်ပေါ်တွင် သူတို့၏နာမည်၊အသက်၊ အရပ်အမြင့်၊ အလေးချိန် နှင့်တခြားအချက်အလက်များငိုရေးထားပြီး အရွယ်အစားသည် ကွက်တိဖြစ်၏။

ကတ်၏အနောက်ဘက်တွင် လေးထောင့်ဇယားကွက်လေးများများစွာရှိပြီး တစ်ပါတ်ခုနစ်ရက်အတွက် ကော်လံခုနစ်ခုခွဲထားပြီး နေထိုင်စရာ၊ မနက်စာ၊ နေ့လည်စာ၊ ညစာ၊ လဲလှယ်မှု၊ ပေးချေမှု၊ လွှဲပြောင်းမှုနှင့် အခြား ဆိုပြီး အကွက်ရှစ်ခုရှိကာ အလုပ်ရမှတ်များကို မှတ်တမ်းတင်ရန် အဆင်ပြေစေဖို့ရာဖြစ်၏။

နေထိုင်မှု ပထမဆုံးသုံးရက်သည် အခမဲ့ဖြစ်သည်။ ၎င်းသည် အသက်ရှင်ကျန်ရစ်သူအသစ်တစ်ယ‌ောက်အတွက် ပတ်၀န်းကျင်အသစ်နှင့် လိုက်လျောညီထွေဖြစ်ရန်အတွက်ဖြစ်၏။ အကယ်၍ သူတို့အလုပ်မလုပ်လျှင် ကိစ္စမရှိပေ။ သို့သော် နောက်ပိုင်း၌  သူတို့အနေဖြင့် အခြေစိုက်စခန်းတွင်ဆက်လက်နေထိုင်လိုပါက သူတို့သည် တစ်စုံတစ်ခုပေးချေရမည်ဖြစ်သည်။ သူတို့သည် လုပ်အားနှင့် အလုပ်ရမှတ်များဖြင့်သော်လည်းကောင်း သို့မဟုတ် ပစ္စည်းကိရိယာများဖြင့်ပေးချေခြင်းသော်လည်းကောင်း တခြားဆိုရသော် အလုပ်မလုပ်ဘဲ တစ်ခုခုရနိုင်ဖို့ မဖြစ်နိုင်သည်ပင်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now