{61}

4.8K 841 11
                                    


Unicode

"ရပါတယ် ကော"

ကျိချင်းကျိုးကပြန်ပြောလိုက်သည်။

သူက ထိုသို့ပြောပြီးသည်နှင့် ခေါင်းငုံ့ပြီး အစား စားတဲ့ပေါ်မှာပဲ အာရုံစိုက်တော့သည်။

ဘေးမှာထိုင်နေသည့် ချူချန်ကတော့ ကျိချင်းကျိုးကိုကြည့်လိုက် လျန်ကျင်းရှင်လက်ထဲမှ ခွက်အားကြည့်လိုက်ဖြင့်...နောက်ဆုံးတော့ သူ့မျက်လုံးတွေဟာ ချစ်သူကောင်လေးပေါ်အခြေကျသွား၏။
ဒါဘာသဘောလဲ ??
သူ့ ဖို့ကျတော့ရော ? ??
လျန်ကျင်းရှင်တွက် ထည့်ပေးပြီး သူ့ကိုကျ ဘာလို့ မထည့်ပေးတာလဲ ? ? ?
သူက သောက်စရာလေးတစ်ခွက်ရဖို့တောင် မထိုက်တန်ဘူးလား?!

ချူချန်သည် "ဗြန်း" ခနဲအသံမြည်အောင် လက်ထဲကခွက်အား ကျိချင်းကျိုးဆီ ထိုပေးလိုက်သည်။

"ကိုယ်လည်း လိုချင်တယ်။ကိုယ့်ကိုလည်း တစ်ခွက်ထည့်ပေး"

ကျိချင်းကျိုးတစ်ယောက် တစ်ဖက်လူ၏အရက်ခွက်အားကြည့်လိုက်ကာ-

"ခင်ဗျားခွက်ထဲမှာအပြည့်ပဲလေ"

ချူချန်က ချက်ချင်းပဲ ခွက်ကိုပြန်ယူ၍ ဂွတ်ခနဲနေအောင် တစ်ကျိုက်တည်းမော့ချကာ လူရှေ့ထပ်ကမ်းပေးလာသည်။

"အခုကုန်သွားပြီ"

ကျိချင်းကျိုး : .....

ချူချန်ကတော့ ထပ်ပြီး အူတိုနေပြန်ပြီ။ကျိချင်းကျိုးသည် ချူချန်တွက် အရက်တစ်ခွက်ထည့်ပေးလိုက်ပြီး ရိုရိုသေသေလေး လက်ထဲထည့်ပေးလိုက်သည်။

"ခင်ဗျားတွက်" 

"လိမ္မာလိုက်တာကွာ"

ချူချန်က အရက်ခွက်ကိုယူရင်း တမင်တကာ ပြောလိုက်သည်။

ပျော်ရွှင်ဖွယ်စားသောက်ပွဲတစ်ခု လုံးဝမဟုတ်ခဲ့ပေမယ့် တိတ်ဆိတ်နေခဲ့ကြသည်။ကျိချင်းကျိုး တွိုင်းလက်သွားသည့် အချိန်မှာတော့ ချူချန်တစ်ယောက် လျန်ကျင်းရှင်ထံမေးမြန်းစူးစမ်းချေတော့သည်။

"မင်းက ဘာသဘောလဲ" 

"ကိုယ်ပြောပြီးပြီလေ။ချင်းကျိုးကို ညီလေးတစ်ယောက်လို သဘောထားတာပါဆို"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now