Chapter 21 - Unicode

6.2K 533 18
                                    

မနက်နိုးနိုးချင်း ခေါင်းအုံးဘေးက ဖုန်းကိုလှမ်းယူလိုက်ကာ နာရီကိုကြည့်လိုက်တော့ 5 နာရီသာရှိသေးတာမို့ မြင့်မြတ်ပိုင်နောင် ဖုန်းကိုပိတ်လိုက်ကာ မျက်ရိုးကိုလက်ညှိုးလက်မနှင့်ဖိနှိပ်ပြီးထထိုင်လိုက်သည်။

"ကျွန်တော်အိပ်ပြီ ဦးလေးကြီး အာဘွား"

ပို့ထားသည့်အချိန်ကိုကြည့်တော့ ညဆယ့်နှစ်နာရီဖြစ်တာမို့ အခုချိန်မနိုးလောက်သေးတာကို မြင့်မြတ်ပိုင်နောင်သိတာမို့စာမပြန်တော့ဘဲ ပြုံးရုံသာပြုံးလိုက်၏။ သူတို့စပြီးချစ်သူတွေဖြစ်တဲ့နေ့ကတည်းက သျှင်မင်းသန့်သည် သူ့နေ့စဥ်ဘ၀အားသူ့ကိုပြောပြဖို့ဘယ်တုန်းကမှမပျက်ကွက်ခဲ့ပါချေ။

ဖုန်းကြည့်မနေချင်တာကြောင့် မြင့်မြတ်ပိုင်နောင် ခုတင်ပေါ်ကဆင်းကာ မျက်နှာသစ်ဖို့သွားလိုက်သည်။ စားပွဲပေါ်တွင် ချထားခဲ့သည့် ဖုန်းက Screen မပိတ်ရသေးတာမို့ အတိုင်းသားဖြစ်နေ၏။

ဧကရာဇ်ပန်းတွေပန်ထားရင်း ချစ်စရာကောင်းအောင်ပြုံးနေသည့် ကောင်လေး၏ပုံသည် မြင့်မြတ်ပိုင်နောင်၏ Phone Wallpaper တွင် အတိုင်းသားပေါ်နေဆဲပင်ဖြစ်သည်။

_______________________________________________

"ဦးလေးကြီး ကျွန်တော် ဒီနေ့ ဟေမာန်ဦးတို့နဲ့ မုန့်ဟင်းခါးသွားသောက်မလို့နော်"

လုပ်နေကျအတိုင်း မနက်နိုးလာလာချင်း မနက်စာအတူတူမစားနိုင်ကြောင်းကို သျှင်မင်းသန့် စာပို့လိုက်သည်။ ထို့နောက်မျက်နှာသစ်ဖို့ အိပ်ရာထဲကထလာခဲ့သည်။ 

"မြောင်"

သူခုတင်ပေါ်ကနေခြေချလိုက်ချင်းချင်း အခန်းထဲကို၀င်လာသည့် ဟန်နီက သူ့ခြေထောက်နားကို ပွတ်သပ်နေ၏။ 

"မောနင်း ဟန်နီ"

"မြောင်"

ဟန်နီက အတော်ကိုလူရည်လည်သည့် ကြောင်မလေးပင်ဖြစ်သည်။ သျှင်မင်းသန့် မတ်တပ်ရပ်လိုက်တော့ သူကအရင်အခန်းထဲကထွက်လာ၏။ မျက်နှာသစ်ဖို့ရေချိုးခန်းက တစ်အိမ်လုံးတွင် တစ်ခန်းတည်းသာရှိတာမို့ သျှင်မင်းသန့်လည်းအခန်းထဲကထွက်လာခဲ့လိုက်သည်။

HONEYWhere stories live. Discover now