butterfly ep23

1.1K 28 0
                                        

(unicode )

ရှင်း တစ်ယောက်ဒီနေ့ ကိုဖြိုး ဆိုင်ကို သွားဖို့လုပ်ထားတယ်။ မတွေ့တာလဲ ကြာပြီမဟုတ်လား ကိုဖြိုး ကြောင့်သာမဟုတ်ရင် ခုလိုနေရာကို ရောက်လာမှာမဟုတ်ဘူး၊ ဖုန်းနဲ့အဆက်သွယ် မပြတ်ပင်မယ့် ပြန်လာတာတော့ မပြောရသေး....

"မောင်ရေ...."

"အင်း...သည်းငယ် " စိတ်ကူးပေါက်မှ မောင်ရေ ဟုခေါ်တတ်တဲ့ သူက ခုတော့ လိုချင်တာရဖို့ခေါ်သံက အမြဲ ပင်။

"မောင်....ငယ်လေ အပြင်သွားချင်လို့ "

"အင်း.."

"အတာ မောင်က company သွားမှာမလား ငယ်တို့တေလဲ သွားတော့မယ်နော်"

"ငယ်ရာ မောင်စိတ်မချဘူး ပြီးတော့ ကြေညာထားတဲ့ ကိစ္စတေကြောင့် မလိုတဲ့အရာတေ ဖြစ်မှာစိုးတယ်"

"ငယ် သိပါတယ်မောင်ရဲ့...ငယ်ပြီးတာနဲ့မောင့်ဆီဝင်ခဲ့မယ်လေ နော်....ခွင့်ပြုပါနော်"

"ကျစ်...ပြီးရောကွာ ဒါပင်မယ့် နောက်မှာ မောင့်လူတေလွှတ်ထားမှာနော်"

"အင်းမောင့် စိတ်ချမ်းသာသလို လုပ် ငယ်သွားပြီနော်....မွ...မွ..."
တိုင်းခန့်လဲ မလွှတ်လဲမရ သူ မချစ်ရင်တောင် လူက ပါပြီးသား ခု မျက်နှာချိုသွေးတော့ လူက အလိုလို ခွင့်ပြုမိ....

ကိုဖြိုးတစ်ယောက် ဆိုင်မှာ စာအုပ်အသစ်တေရောက်လို့   စီစဥ်နေတုန်း ဆိုင်ရှေ့ထိုးရပ်လာတဲ့ ကားတေနဲ့ နောက်ကဘော်ဒီဂတ် တေကြောင့် ....ကြည့်မိတော့

"ကိုဖြိုး!!"ဆိုကာ ခေါ်သံ များနဲ့အတူ ကားပေါ်ကပြေးဆင်း လာတဲ့ ကလေးတေကြောင့်...အံ့သြမဆုံး..

"ရှင်း...မိလှ ပုလဲ"

"ကျွန်တော်တို့ ပြန်လာပြီအကို"

"ဝမ်းသာလိုက်တာ ညီတို့ရာ ငါ့ကို ကြိုမပြောဘူး လာကြိုမှာပေါ့ "

"အံ့သြအောင်တမင်မပြောတာ"

"ဟားဟား...ပြန်လာ တာတကယ် ဝမ်းသာတယ် ဒါနဲ့ ငါ့ညီက ချောလာလိုက်တာ"

"ဟင်" ကိုဖြိုး တစ်ယောက် ရှင်းခေါင်းလေး အား ဖွဖို့ လက်လှမ်းစဥ် တဝက်မှာတင် တားခံလိုက်တာကြောင့်

Butterfly [completed] Where stories live. Discover now