63.2

12.9K 2.1K 107
                                    

Unicode

အိမ်တွင် အချို့ကိစ္စများ စီစဉ်ပြီးနောက် နောက်တစ်နေ့တွင် လော့လင်းရှန်းအား ဆေးကုသရေးဌာနသို့ လိုက်ပို့လိုက်ကြသည်။

ဆရာဝန်အဖွဲ့ပြောချက်အရ၊ လော့လင်းရှန်းတွင် အရေးတကြီးကိစ္စ တစုံတရာ မရှိပါက၊ မတော်တဆ ပြဿနာများကို ရှောင်ရှားရန်၊ ဆေးရုံမှ သူ့သဘောအလျောက် ထွက်သွားခွင့်ရှိမည်မဟုတ်ပေ။

ခွဲစိတ်မှုကို လဝက်အကြာတွင် စီစဉ်ထားလေသည်။  အဲနေ့မတိုင်ခင်ထိ လော့လင်းရှန်းက ရိုးရိုးရှင်းရှင်း လေ့ကျင့်ခန်းများကို နေ့စဉ် ဆောင်ရွက်ရမည်ဖြစ်သည်။

လော့လင်းရှန်းတစ်ယောက် ရိုးရိုးရှင်းရှင်း နေ့စဉ် လေ့ကျင့်ခန်းတွေ လုပ်နေစဉ်အတွင်း ရှီယွင်နန်လည်း သူ့ဒီဇိုင်းအလုပ်တွေကို ပြန်လုပ်နေလိုက်၏။

တစ်ပတ်အကြာတွင်—

ရှီယွင်နန်တစ်ယောက် အော်ဒါ မူကြမ်းဒီဇိုင်းဆွဲပြီးသွားပြီဖြစ်တာကြောင့် အားလပ်နေကာ၊ မြို့ထဲရှိ အကြီးဆုံး အဆင့်မြင့် ရှောပင်းမောလ်သို့ သွားလိုက်သည်။ ကောင်တာကကောင်မလေးများ၏ တက်တက်ကြွကြွအကြံပြုချက်တွေကို ငြင်းပယ် ကာ သူ့ဘာသာပဲ လျှောက်ပတ်ကြည့်နေလိုက်လေသည်။

ရာသီအသစ်မှာဆို လက်ဝတ်ရတနာ ဒီဇိုင်းများစွာကိုထုတ်လေ့ရှိ၏။ ထို့ကြောင့် သူက ဒီအခွင့်အရေးကနေ ပြသထားသည့် ပစ္စည်းများကို လေ့လာချင်နေမိသည်။ ဒါ့အပြင် သူ့အတွက်ကော လော့လင်းရှန်းအတွက်ပါ ပစ္စည်းသေးသေးအချို့ကိုလည်း ဝယ်ချင်နေမိ၏။

ရုတ်​တရက်​ သူ့ အနားက​နေ အသံတစ်သံကို ကြားလိုက်ရသည်။ ​"ဟယ်​လို ဆရာ ကျွန်တော် တစ်ခုလောက် အကူညီတောင်ရလို့ရမလား?"

ရှီယွင်နန် ဘေးသို့ လှည့်ကြည့်လိုက်တော့

တစ်ဖက်လူမှာ အရပ်ရှည်ပြီး၊ ပယင်းရောင်ဖြစ်သည့် အညိုရောင်မျက်လုံးများက သူ့ဆံပင်ကေနှင့် လိုက်ဖက်နေကာ လူချောဖြစ်သည်။ ထိုသူ့အဝတ်အစားများမှာ ရိုးရိုးရှင်းရှင်းဖြစ်ပေမယ့်လည်း စျေးကြီးမယ့်ပုံပင်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now