Chapter -49
5.8K 912 13
Zawgyi
မက်စ်တို့ဟာလည်း လိပ်ပြာနန်းတော်အနီးကိုရောက်လာတော့သည်၊လိပ်ပြာနန်းတော်ကို ကာစီးထားတဲ့အလင်းစွမ်းအင်ဟာ ပျောက်ကွယ်သွားတော့သည်၊
နတ်သူငယ်တွေ ယက်လုပ်ပေးထားတဲ့အဝတ်အစားတွေကို ဒန်နာရီဟာ ဆင်ယင်ထားသည်၊ထိုအဝတ်အစားတွေရဲ့ချည်မျှင်တွေဟာ ရှားပါးလွန်းပြီး ဝတ်ရတာလဲ သက်တောင့်သက်သာရှိလှသည်၊
အဖြူရောင် အပျော့သားပိုးအင်္ကျီဟာလည်း နတ်သူငယ်တောအုပ်ရဲ့အနောက်ဘက်အရပ်မှာ ပေါက်ရောက်တဲ့ဝါဂွမ်းများကနေ အထပ်ထပ်ရက်လုပ်ထားပြီး အနက်ရောင်ဘောင်းဘီကလည်း မြေကြီးထဲမှာသာ နေတဲ့မြေကြီးပိုးကောင်ရဲ့အမျှင်တွေကနေ လုပ်ထားခြင်းဖြစ်သည်၊ထိုပစ္စည်းတွေကိုလည်း နတ်သူငယ်တောအုပ်၌သာ တွေ့ရပြီး မှော်စွမ်းအင်ဒဏ်ကိုလည်း ကာကွယ်ပေးနိုင်သည်၊
ဒန်နာရီဟာ ဂုတ်ထောင့်နေတဲ့ဆံပင်ကို အနောက်ဘက်သိမ်းကျုံးစီးနှောင်လိုက်ပြီးနောက်မှာ နန်းတော်အလှည့်ပတ်ကာကြည့်လိုက်သည်၊ထိုချိန်မှာ အသံတစ်သံကြားလိုက်ရတော့သည်၊
*ကောင်စုတ်လေး မင်းပြန်လာသေးတယ်ပေါ့*
"ဇီနို!!" ဒန်နာရီဟာ ပျော်ရွှင်သွားပြီး ပတ်လည်ကိုလှည့်ကာ ရှာလိုက်သည်၊ထောင့်စွန်းနားမှာ တွေ့လိုက်တဲ့မြပြာရောင်စိန်နဲ့လုပ်ထားတဲ့ရင်ထိုးကို တွေ့လိုက်ရတော့သည်၊
မြပြာရောင်စိန်ဟာ အရင်ကထက် ပိုမိုတောက်ပနေသယောင်ပင်၊
*ငါ့မှာ ဒီထဲမှာ ပိတ်လှောင်နေတာ သုံးနှစ်လောက်ရှိနေပြီ...*ဇီနိုဟာ မကျေမနပ်ဖြစ်နေတဲ့အသံနဲ့ပြောဆိုလာတော့သည်၊ဒန်နာရီဟာ အားနာသွားပြီး သူဟာ မြပြာရောင်ရင်ထိုးကို ယူကာ အိတ်ထဲထည့်လိုက်ပြီး တောင်းပန်စကားဆိုလိုက်သည်၊
*ပြီးတော့ ငါလည်း ဆင့်ကဲပြောင်းလဲသွားတယ် အဲ့တာက တော်တော်ထူးဆန်းတယ်...*
'ဆင့်ကဲပြောင်းလဲတယ်...ဘယ်လိုမျိုးလဲ'
*တကယ်တော့ ငါက လူသားမဟုတ်တာ မင်းသိတယ်လေ*ဇီနိုစကားကြောင့် ဒန်နာရီဟာခေါင်းညိတ်လိုက်သည်၊ဇီနိုက အမှောင်စွမ်းအင်အသုံးပြုနိုင်သူဆိုပေမယ့် နတ်ဆိုးမဟုတ်တာတော့ သေချာသည်။