Chapter -50
5.8K 895 4
Zawgyi
အပြင်ဘက်ကို ထွက်လာချိန်မှာ ဒန်နာရီဟာ စိတ်လှုပ်ရှားနေတော့သည်၊အရင်ကလည်း ယခုပျောက်ခဲ့ဖူးပေမယ့် သူပြန်ထွက်လာတိုင်း မည်သူမှ ကြိုဆိုမဲ့သူမရှိခဲ့ပေ၊ဒါကြောင့် အခုချိန်မှာတော့ မတူညီတော့ဘူးလို့ ဒန်နာရီခံစားနေရသည်၊
တံခါးကနေ ဖြတ်ကျော်လာသည်နဲ့ ပြင်းထန်လှတဲ့အသက်ရှူသံယဲ့ယဲ့တွေကို ကြားနေရပြီး သူထွက်လာချိန်မှာ များစွာသောစစ်သားဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့သူတွေကို တွေ့လိုက်ရသည်ထို​နောက်မှာတော့ ရှေ့ဆုံးမှာ  မားမားမတ်မတ်ရပ်​နေတဲ့ယောက်ျားကိုမြင်ချိန်မှာ ဒန်နာရီဟာ ပြုံးသွားတော့သည်၊
"ဒယ်ဒီ"ဒန်နာရီဟာ ခြေလှမ်းကျယ်ကျယ်နဲ့လှမ်းလိုက်ပေမယ့် ခြေတံများဟာ တိုတာကြောင့် ထင်သလောက်တော့ မမြန်ဆန်လှပေ၊တစ်ဖက်ကယောက်ျားဟာ ခြေလှမ်းများတိုးလာပြီး ဒန်နာရီရဲ့ခန္ဓာကိုယ်လေး​ပွေ့ကာ ချီလိုက်တော့သည်၊
ထိုနောက်မှာတော့ အနောက်ဘက်ကနေ ကျယ်လောင်တဲ့အသံများထွက်ပေါ်လာတော့သည်၊
"သူတော်စင်ကလေးငယ် သက်တော်ရာတော်ရှည်ပါစေ"
"သူတော်စင်ကလေးငယ်ကို ပြန်လည်ကြိုဆိုပါတယ်!"
ဒန်နာရီဟာ သူရဲ့ဖခင်မက်စ်၏လည်ပင်းကို ဖက်ထားရင် ထိုကြွေးကြော်အသံတွေကြောင့် လန့်ဖြန့်သွားတော့သည်၊ထိုနောက်မှာ အူကြောင်ကြောင်မျက်နှာလေးဖြင့် မက်စ်အားမော့ကြည့်လာတော့သည်၊
မက်စ်ဟာ မတတ်နိုင်စွာ ခေါင်းခါလိုက်ပြီး ပြောပြလာတော့သည်၊ဒန်နာရီရဲ့အလင်းစွမ်းအင်နယ်မြေက ကုသရေးစွမ်းအားဟာ မြင့်မားလွန်းတာကြောင့် ဒီအတောအတွင်းမှာ လူသေမှုနူန်းနဲ့ထိခိုက်ဒဏ်ရာပြင်းထန်မှုတွေဟာ လျော့နည်းသွားခဲ့သည်၊ဒါ​ကြောင့် ဒန်နာရီအကြောင်းဟာ လူသိများလာခဲ့ခြင်းဖြစ်သည်၊အခုတော့ ယူနိုရက်စ်နယ်မြေမှာ ဒန်နာရီကို သူတော်စင်ကလေးငယ်လို့တင်စားခေါ်ဝေါ်ကြပြီး တစ်ချို့ကတော့ နတ်ဘုရားရဲ့သားတော်လို့ပြောဆိုကြသည်၊
ဘာကြောင့်လဲဆိုတော့ အလင်းစွမ်းအားပိုင်ဆိုင်ထားတဲ့မှော်ဆရာတွေဟာ ရှားပါးသည်မဟုတ်သော်လည်း ဒန်နာရီလိုမျိုး ပြင်းထန်တဲ့မှော်စွမ်းအားကိုထုတ်သုံးနိုင်တဲ့သူကတော့ရှားပါးလှပြီး သန့်စင်လှတဲ့အလင်းစွမ်းအားပိုင်ရှင်ဟာ အရှားတကာအရှားဆုံးဖြစ်သည်၊