အခန်း (၂၂)

10.2K 376 143
                                    

ကိုယ့်အလုပ်တွေကိုယ်စီနဲ့ ပြန်လည်ပတ်နေကြတာ တပတ်လောက်ရှိပီ....တာရာတွက်ကြည့်လိုက်တော့ တာရာ့ကလေးလေးက ၂ လနီးပါးရှိနေပီ။ ဟိုလူ့ကိုပြောပြရအောင်လဲ ခုထိ ဟိုလူနဲ့က အဆင်ကို မပြေနိုင်သေးဘူး။ သို့သော် ဟိုးအရင်ကလို အော်တာတွေ မထင်ရင်မထင်သလိုတွန်းတာပြုတာတွေတော့ မရှိသလောက်ပင်။ ဒါကိုပဲတိုးတက်လာသည်လို့မှတ်နေရသည်မလား။

"အမလေး...."

တာရာ ကိုယ့်အတွေးနဲ့ကိုယ် ဟိုလူ့အဝတ်လဲခန်းထဲမှာ အဝတ်ခေါက်နေတုံး ရုတ်တရက်ဝင်လာတဲ့သူ့ကြောင့် လန့်သွားသည်။ မလန့်နေရောလေ သူမနောက်က ခပ်နီးနီးနေရာကိုရောက်လာပီး သူမရှေ့မနီးမဝေးက အကျီတထည်ကိုလှမ်းယူလိုက်တာ....သူများတွေတော့ ကောင်မလေးက ကောင်လေးရင်ခွင်ထဲရောက်သွားသလိုဖြစ်ပီး ရင်ခုန်ကောင်းခုန်နိုင်ပေမယ့် Romantic အတွေးတစက်ကလေးမှမရှိတဲ့သူမအတွက်တော့ သရဲကားထဲကလို နောက်ကနေ လက်ကြီးရှည်ထွက်လာပီး သူမဘေးကဖြတ်သွားသလိုပင်.။တူလဲတူသည် သူ့လက်ကြီးက ဖွေးနေတာကိုးးးး ခုမှရေချိုးပီးခါစဆို​တော့ အေးနေတဲ့အငွေ့အသက်ကလဲရသေးသည်မလား

သူမကသာလန့်ပီး ရင်တုန်သွားတာ သူကတော့ ဘာမှမဖြစ်သလိုပင် အကျီကိုလှမ်းယူပီးဖြန့်နေပီ

"ရာရာ အပြင်ထွက်ပေးမယ်"

"ဘာလဲ မင်းက ငါ့ကိုမြင်ပီး ရင်ခုန်မှာကြောက်လို့လား"

အဖြစ်သည်းပြနေတဲ့ ငတိမကိုကြည့်ပီး မဟာ ရွဲ့ချင်လာသည်။

"စဥ်းစဥ်းစားစားမပြောဘူး အသက်ကဖြင့်ကြီးနေပီ...."

"ဘာ...."

"ဟုတ်တယ်လေ ယောက်ျားလေးတယောက်ရဲ့ ခန္ဓာကိုယ်များ မြင်ရုံနဲ့ ရင်ခုန်မနေဘူး"

"မြင်ရုံမကလို့ ဘာလုပ်ချင်သေးတာလဲ ဘယ်လိုလုပ်ရင် ရင်ခုန်တာလဲ"

တာရာ ကိုယ့်စကားမှားသွားမှန်းတန်းသိလိုက်ကာ

"ကျမပြောတာအဲ့လိုမဟုတ်ဘူး"

"မသိဘူးလေ မင်းပြောတာ မင်းပဲအသိဆုံးပဲကို"

"ကျမပြောတာ ဒီခေတ်မင်းသားတွေမှ ပေါလွန်းလို့ အကျီချွတ်နဲ့ဆိုတာ ကြည့်လို့ကိုမကုန်နိုင်ဘူး အဲ့တာကို ရှင့်ကိုကြည့်ပီး ရင်ခုန်နေစရာလား ဒါကဒါတေပဲကို "

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now