Prolouge

2.6K 129 2
                                    


Unicode

မှတ်မိချင်စရာညတစ်ညပင်... အလှဆင်ထားတဲ့ မီးရှူးမီးပန်းတွေက ငါ့ရှေ့မှာရှိနေတယ်...

ငါ့သတို့သားလောင်းရဲ့လက်ကို ဆုပ်ကိုင်ထားပြီး ကျန်တဲ့လူတွေက ငါ့အတွက် မွေးနေ့သီချင်းကိုသီဆိုပေးနေသည်... "ဆုတစ်ခုတောင်းလိုက်" သူပြောလိုက်၏... သို့သော် ငါဆုတောင်းလိုက်တာနဲ့တစ်ပြိုင်နက် ငါ့ခန္ဓာကိုယ်အပူချိန်တွေ ကျဆင်းလာတာကို ခံစားမိလိုက်သည်...

ရင်ဘတ်ကိုဖိထားရင်း အသက်ကောင်းကောင်းရှူနိုင်ဖို့ ကြိုးစားနေလိုက်တယ်... "ကူ...ကူညီပါ" အသက်ရှူမဝတဲ့ကြားကပဲ ပြောလိုက်၏... ထို့နောက် သူတို့ လူနာတင်ယာဉ်ခေါ်နေတာကို ငါကြားလိုက်ရသည်... 

ရင်ဘတ်တွေမွန်းကျပ်လာပြီး မျက်ရည်တွေဝဲလာ၏... ငါ့နှလုံးက မြင်းတစ်ကောင်အပြေးပြိုင်နေသလို ခုန်ပေါ်က်နေတာကြောင့် နာကျင်မှုက မခံမရပ်နိုင်အောင်ပင်ဖြစ်နေသည်...

ငါ့သတို့သားလောင်းရဲ့လက်ကိုကိုင်ပြီး ဝမ်းနည်းကြောင်းပြောဖို့ကြိုးစားပေမဲ့ သူတို့အသံတွေနဲ့ ပရမ်းပတာဖြစ်နေပြီး အမြင်တွေဝေဝါးလာတာကြောင့် စကားတွေမှာ ထွက်မလာနိုင်တော့ချေ...

အရာအားလုံးမှောင်မဲနေပြီး ငါ့ဘေးပတ်ပတ်လည်မှာ အေးစက်မှုကို ခံစားနေရသည်... လျှောက်ပတ်ကြည့်လိုက်ရင်း နောက်ဆုံး၌ အလင်းရောင်တစ်ခုကိုရှာတွေတာကြောင့် ထိုနေရာဆီကို ပြေးသွားလိုက်သည်... ငါ့အိမ်ပြန်လမ်းဖြစ်ဖို့ မျှော်လင့်လျက်ပေါ့...




Zawgyi







ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now