အခန်း-(၁၃၀) ကျောက်Sရဲ့နှလုံးသား

123 22 0
                                        

Zawgyi


နျွယ့်ကျွမ်းက မရှိတော့ပါဘူး။

ကျွန်မ နှိုးလာပြီးတဲ့နောက် အရာအားလုံး ခဏတာရပ်တန့်နေတဲ့အချိန်ကနေ သူက မရှိတော့တာပါ။

ပိုပြီးတိတိကျကျပြောရရင် ကျွန်မရဲ့ခွဲထုတ်သင်္ကေတကို စသုံးခဲ့တဲ့ တိုက်ပွဲမှာ သူမကိုတွေ့လိုက်တဲ့အချိန်ကစပြီး သူကမရှိ‌တော့ပါဘူး။

သူ မရှိတော့တဲ့အပြင် ဘယ်မှာမှသူ့ကို ရှာလို့မတွေ့ပါဘူး။ကျွန်မရဲ့ ခွဲထုတ်သင်္ကေတကို အသက်သွင်းပြီးတဲ့နောက် ကျွန်မတို့ရဲ့မီတာ 500 ထက်ကွာလို့မရတဲ့ ကန့်သတ်ချက်ကလည်း ပျောက်သွားခဲ့ပါတယ်။

တားမြစ်ဇုန်ကိုရောက်တဲ့ ပထမဆုံးနေ့ကစပြီး သူနဲ့ မီတာ 500 ထက်ပိုမဝေးနိုင်ခဲ့တဲ့အတွက် သူ့ကို ကျွန်မမုန်းခဲ့ဖူးတယ်။အဲ့တာက အကြောင်းပြချက် အတိအကျမရှိတဲ့ ကန့်သတ်ချက်တစ်ခုဖြစ်ပြီး ရုတ်တရက်ပျောက်ပျောက်သွားတတ်တာတောင်မှပါ။

ကျွန်မ သူ့ကိုရှာဖို့ကြိုးစားခဲ့တာလား?

ကျွန်မ မရှာခဲ့ဘူး။

သူ ပျောက်သွားပြီး ကျွန်မကို ဒီလိုမျိုး ထားသွားလိမ့်မယ်လို့ ကျွန်မ မယုံနိုင်ဖြစ်နေမိတာကြောင့်လည်း ဖြစ်နိုင်တယ်။

ကျွန်မတို့ကြားက ကန့်သက်ချက်က ပျောက်သွားခဲ့တာနဲ့ ရှင်က ကျွန်မကိုထားခဲ့ဖို့တောင် မစောင့်နိုင်တော့ဘူးလား နျွယ့်ကျွမ်း?

နျွယ့်ကျွမ်း...

"နျွယ့်ကျွမ်း ပျောက်သွားခဲ့တာနဲ့ပတ်သက်ပြီး…"

ဟွမ်ချင်းကပြောနေရင်း တုံ့ဆိုင်းသွားပုံရတယ်။

ရှင် ကျွန်မစိတ်ကိုဖတ်နိုင်ပုံရတယ်။

ကျွန်မ သူ့ကိုကြည့်ရင်း ဆက်ပြောဖို့တွန်းအားပေးလိုက်တယ်။

ဟွမ်ချင်းက စိုးရိမ်တကြီး ကြည့်နေရင်း ဆက်ပြောလာပါတယ်။ 

"မင်းသတိလစ်သွားပြီးတဲ့နောက် ကွမ်းနျွယ့်ရဲ့ ဒဏ်ရာတွေကို ငါတို့ကြည့်လိုက်တော့ သူ့ဒဏ်ရာက ငါတို့ထင်ထားတာထက် ပိုပြင်းထန်‌နေခဲ့သလို သူ့ MF ကိုပါ အမြဲတမ်းထိပျက်စီးစေတော့မဲ့ပုံပဲ အဲ့လောက်ထိပျက်စီးသွားအောင် နျွယ့်ကျွမ်းက ဘာလုပ်လိုက်တာလဲဆိုတာ ငါမသိဘူး- 

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now