ဟိုလူပြန်မလာတာ ၂ ရက်လောက်ရှိပီ။ တနေကုန်အလုပ်သွားနေရတာမလို့ အဲ့အချိန်ပြန်လာမလားဆိုတော့လဲ ပစ္စည်းတွေက အရာမယွင်း။ ဟိုလူနေရောကောင်းရဲ့လား ခရီးတွေဘာတွေများသွားနေလား။ တာရာစဥ်းစားနေတုံးပဲ အိမ်ရှေ့ကို ကားတစ်စီးရပ်လို့ ဟိုလူထင်ပီးထွက်အကြည့် ကားပေါ်က ကိုဝေယံနဲ့ မပန်းချီတို့ဆင်းလာသည်။
"မမပန်းချီ....မတွေ့ရတာတောင်ကြာပီ ကိုဝေယံကော နေကောင်းတယ်နော်"
"အင်း ကောင်းပါတယ် တာရာကော နေကောင်းရဲ့လား ပိန်သွားသလိုပဲ"
"ဟီး အလုပ်နဲနဲပင်ပန်းလို့ပါ"
"ဂရုစိုက်ဦးနော် ကိုယ့်ကိုယ်ကို"
"ဟုတ်မမ ဒါနဲ့ ဦးနေမင်းမဟာဆီလာတာလားဟင်....သူ မရှိဘူး ခရီးသွားနေလားမသိဘူး ပြန်မလာတာ ၂ ရက်လောက်ရှိပီ"
ပန်းချီအိမ်ထောင်သည်တယောက်မလို့ တာရာပြောနေတာကို ကိုယ်ချင်းစာပေးနိုင်သည်။ ကိုယ့်လင်ယောက်ျားက ဘယ်သွားလို့သွားနေမှန်းမသိတာ ဘယ်မိန်းမက ကြိုက်မှာလဲ။ ဒါပေမယ့် ဒီကလေးမပြောပုံကိုကြည့်တော့ မကြည်မလင်နဲ့ပြောတာမဟုတ်ဘဲ တကယ့်ကို စိုးရိမ်မှုအပြည့်နဲ့ပြောတာအတိုင်းသားတွေ့ရသည်။
"သူက တာရာ့ဆီဖုန်းမဆက်ဘူးလား"
"မပန်းချီရယ် သူနဲ့တာရာက အဲ့လိုဆက်ဆံရေးမျိုးမှ မရှိတာ ပီးတော့ တာရာ့ဖုန်းလဲ သူမသိဘူး"
"တာရာကရော မဆက်ဘူးလား"
"ဟီး တာရာလဲ သူ့ဖုန်းနံပါတ်မသိဘူး သိလဲမဆက်ရဲပါဘူးမမရယ် ဟိုက ကြိုက်မှန်းမသိမကြိုက်မှန်းမသိ အားချင်မှလဲအားမှာလေ"
တာရာ့စကားကြောင့် ပန်းချီ ဘာစကားမှပြန်မပြောနိုင်ဘဲ ငြိမ်သွားသည်။ သူတို့ဇာတ်လမ်း သူတို့အခြေနေကို ကြားထားပေမယ့် ခုလိုအတွင်းကျကျထိတော့ မသိခဲ့။ ခုသိလိုက်ရတော့လဲ အတော့်ကိုစိတ်မကောင်းဖြစ်မိသည်။
"အေး တာရာရေ အကိုစကားဖြတ်ပြောလိုက်ဦးမယ် ဟိုလေ....."
"ဟုတ် အကို"
"အေး...မဟာက ဆေးရုံမှာ"
"ဟင် ဆေးရုံမှာ ဘာဖြစ်လို့လဲဟင် နေမကောင်းဘူးလား စိုးရိမ်ရလား"
YOU ARE READING
အချစ်တွေအမုန်းတွေရဲ့ အလွန်.....