{64}

4.7K 910 80
                                    


မနေ့က ကိုယ်တို့ အုပ်စု ဗြောင်းဆန်သွားတာ နောက်မှ ဖတ်တဲ့ ချစ်လေးတို့ မသိလိုက်ဘူး😂


Unicode


လော့ယွီရှင်းသည် ကျိချင်းကျိုးစကားတွေကြောင့် ဖန်ယောင်ရွှမ်းအာရုံများမှာ ကြောက်နေ၏။ထို့ကြောင့် ပြန်လာတဲ့တစ်လျှောက်လုံး သူ့အခန်းနားရောက်သည်အထိ ခေါင်းငုံ့ထားသည်။အခန်းကဒ်ဖြတ်ပေးပြီးချိန်မှ ဖန်ယောင်ရွှမ်းကိုပြောလာ၏။

"ငါ အခန်းထဲဝင်တော့မယ်နော်"

ဖန်ယောင်ရွှမ်း သူ့အသံကိုကြားလိုက်ရသည်နှင့် တစ်ခုခုမူမမှန်ကြောင်းသိသွားကာမေးတော့သည်။

"မင်းဘာဖြစ်လို့လဲ"

"ဟင့်အင်း" လော့ယွီရှင်းက ခေါင်းယမ်းပြလာသည်။

ဖန်ယောင်ရွှမ်း ချက်ချင်းပဲ သူ့မေးစေ့ကိုပင့်မပြီး ကြည့်လိုက်ချိန် ကော်ရစ်တာမီးရောင်အောက်မှ မျက်ရည်အပြည့်ဖြစ်နေသော လော့ယွီရှင်းရဲ့ မျက်လုံးတွေကို မြင်လိုက်ရသည်။

ဖန်ယောင်ရွှမ်းတစ်ယောက် အလန့်တကြားဖြစ်သွားကာ-

"မင်းဘာလို့ ငိုနေတာလဲ"

လော့ယွီရှင်းကမူ ငိုရက်ကြီးနဲ့ ခေါင်းယမ်းပြလာသည်။

ဖန်ယောင်ရွှမ်း စိတ်ထဲမကောင်းဖြစ်သွား၏။သူ တံခါးပိတ်လိုက်ပြီး တစ်ဖက်လူနှင့်အတူအခန်းထဲလိုက်ဝင်လိုက်သည်။

သူက စားပွဲပေါ်မှ တစ်ရှူးနည်းနည်းဆွဲယူပြီး လော့ယွီရှင်းမျက်ရည်တွေ သုတ်ပေးနေ၏။လော့ယွီရှင်းကတော့ သူ့ကိုကြည့်ကာ သနားစဖွယ်ပြောလာသည်။

"ယောင်ရွှမ်း...င့ါစိတ်ငါပြင်ဆင်ပြီးသွားပြီ။ အခုကစပြီး မင်းနဲ့ဝေးဝေးနေတော့မယ်"

"အဲ့တာဘာစကားလဲ"

ဖန်ယောင်ရွှမ်းက ဒေါသတကြီးအော်လာသည်။

‌လော့ယွီရှင်းသည်ကား နစ်နာသူတစ်ယောက်လို ဆက်ပြောနေလေသည်။

"တစ်ခြားသူတွေ ငါ့ကို အထင်လွဲမှာ မလိုချင်ဘူး။မင်းကို သူတို့ အထင်လွဲသွားမှာလည်း မလိုချင်ဘူး။မင်း ငါ့ကိုကြိုက်တာက မင်းအမှားမဟုတ်ပေမယ့် မင်းကို အဖြေတိတိကျကျမပေးမိတဲ့ ငါ့အမှားပါ"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now