အခန်း(၆၁)

1.1K 202 6
                                    

                      <မတရားဘူး>

ဝမ်ရွှမ်သည် အရှေ့ဘက်မှ နံရံပေါ်တွင် ရေး
ဆွဲထားသော ရုပ်ပုံများကို ကြည့်ရင်း ကြောင်အသွားရသည်။ဤရုပ်ပုံများ အားလုံးသည် လူတစ်ဦး၊တစ်ယောက်ထဲ၏ ပုံရိပ်တွေချည်းသာ။မျက်မှောင်ကြုံ့လိုက်သည်မှစ၍ အပြုံးတိုင်း၊လှုပ်ရှားမှုတိုင်း၊ အပြုအမူတိုင်း။ထို​အ
ခိုက်အတန့် အားလုံးကို မြင်နိုင်သမျှ ရှုထောင့်တိုင်းမှ ရေးဆွဲ၍ ဤနေရာတွင် အကျအန ထွ
င်းထုထားသည့်နှယ်။အလုံးစုံဟာ ဝမ်ရွှမ့် ပုံရိ
ပ်များသာ ဖြစ်ကြသည်။

ထိုအချိန်တွင်၊ ဝမ်ရွှမ့်လက်ထဲမှ မီးတောက်
သည်ပင် မသိစိတ်ကြောင့် ယိမ်းထိုးသွားရလေသည်။

ဒါက ဘယ်လို မြင်ကွင်းမျိုးလဲ?

ဤလမ်းကျဥ်းလေးမှ နံရံပေါ်တွင် မျက်စိတဆုံး မြင်နိုင်သည်အထိ သူ့တစ်ဦးတည်း၏ ပုံရိပ်များဖြင့် ပြည့်နှက်နေခဲ့သည်။သူလျှောက်လာခဲ့သော အဆုံးမရှိသည့် လမ်းကျဥ်းသည် ဤလမ်းကြောင်းမှတဆင့် ဦးတည်နေသော အဆုံးမရှိသည့် လမ်းဖြစ်သည်။အမှန်ဆိုရသော် ဝမ်ရွှမ် အနည်းငယ် ကြောက်လန့်လာခဲ့သည်။

နောက်ဆုံးတွင် လက်ထဲမှ မီးတောက်ကို တ
ည်ငြိမ်အောင် ထိန်းချုပ်ရင်း အချိန်အတော်ကြာမှ အသိစိတ် ပြန်ဝင်လာခဲ့သည်။

ဒါတွေ အားလုံးက တစ်ယောက်ထဲရဲ့ ပုံရိပ်တွေချည်းပဲ။ခြွင်းချက်မရှိသလို ဆက်တိုက်၊ အဆုံးလည်း မရှိဘူး။

ဝမ်ရွှမ်သည် နောက်တစ်ကြိမ် ရပ်တန့်ပြီး သူ့ရှေ့မှ ပုံရိပ်ကို ကြည့်လိုက်သည်။ထိုပုံရိပ်တွင် ဝမ်ရွှမ်သည် စားပွဲရှေ့တွင် ထိုင်နေပြီး ဖယော
င်းတိုင် မီးရောင်အကူဖြင့် လက်ထဲမှ အဆော
င်ကို စစ်ဆေးနေခြင်းဖြစ်သည်။

နံရံပေါ်တွင် ထွင်းထုထားသော်လည်း ကျန်းရီ၏ နှလုံးသားထဲတွင် ဖြစ်တည်နေခြင်းကြောင့် အံ့သြစရာကောင်းလောက်အောင်ကို ကြည်လင်ပြတ်သားနေခဲ့သည်။ဖယောင်းတို
င် မီးရောင်သည် ငုံ့ထားသော ဝမ်ရွှမ့် မျက်နှာပေါ်သို့ တဖိတ်ဖိတ်ရောင်ပြန်ဟပ်နေပြီး နှလုံး
သားကို နှိုးဆွပေးနေသည့်အလား ဝမ်ရွှမ့်ကို တုနှိုင်းမမီလေသော အလှတရားအဖြစ် ပေါ်
လွင်စေသည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now