Part - 6 ( Zg+ Uni)

6.1K 325 3
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 6 )

" ဟဲ့.... ဟဲ့ ဟိုမှာ ခေါင်ယံမှိုင်းတို့ ဒီကို
ဘာလာလုပ်တာလဲ မသိဘူး.... "

" ချောလိုက်တာဟယ် ခေါင်က..... "

" ကြည့်ရတာ ငါ့ဆီ လာတာနေမှာ "

" ခြားနား ရော သွေးသစ်လေးကရော
ချောလိုက်တာ..... ခေါင်မရမှတော့ သူတို့
နှစ်ယောက်ပေါ့ ....ဒါနဲ့ သူတို့ နောက်မှာ
တခြားမိန်းကလေးတွေပါ ပါနေတယ်
ဘာလုပ်ဖို့လဲ မသိဘူး "

အတန်းထဲက ပွက်လောက်ရိုက်နေတဲ့ စကားသံ
တွေကို ဖြူဖြူ လျစ်လျူရှူပြီး ဆရာမ white
board မှာ ရေးနေတဲ့ စာကိုသာ ဆက်ကူး
နေလိုက်သည်။ တီချယ် ကလည်း အတန်းထဲက
လူတွေရဲ့ တစ်ယောက် တစ်ပေါက်ပြောသံကို
လျစ်လျူရှူထားပြီး စာ​ရေး​နေ​လေသည်​။

" တီချယ် ဝင်ခွင့်ပြုပါ "

လက်ညိုးလေး ထောင်ကာ ခေါင်တို့ အဖွဲ့နဲ့
လိုက်လာတဲ့ ကောင်မလေး ရဲ့ အသံကြောင့်
white board ပေါ်မှာ ရေးနေတာကို
ဆရာမက ချက်ချင်း ရပ်ပစ်လိုက်သည်။

" လာလေ.. သမီးတို့ "

" ဒီလိုပါ တီချယ် သမီးတို့ Physics
မေဂျာ  Welcome အတွက်
ဒီအခန်းထဲက first year လေးကို
king queen ပြိုင်ပွဲအတွက် စာရင်း
ကောက်​ချင်လို့ပါ "

" ဪ သမီး... ဒါဆို ကောက်​​လေ "

" ဟုတ် ကျေးဇူးတင်ပါတယ် တီချယ် "

ခေါင်ယံမှိုင်း တို့နဲ့ ပါလာတဲ့ ကောင်မလေး
သုံးယောက်က ပထမနှစ် physics လေး
တွေကို တစ်ချက်ကြည့်ကာ.. ...

" ကလေးတို့ရေ အစ်မတို့က ဒုတိယနှစ်
physics A ခန်းကပါ....အခု အစ်မတို့
မေဂျာက ပထမနှစ်​က​လေး​တွေကို ကြိုဆိုတဲ့
မေဂျာ Welcome ရှိပါတယ်​ ...အဲ့ဒါ ဘယ်သူကများ
ဒီ Welcome မှာ king queen selection
ပါချင်လဲ မသိဘူး....ပါချင်ရင် အစ်မဆီမှာ
စာရင်းလာပေးလို့ ရပါတယ်နော် "

" ဟုတ် အစ်မ... ညီမလေး ပါမယ်
ဒါနဲ့ ပွဲနေ့ကျရင် အစ်ကိုခေါင်ကရော
ပါမှာမလားဟင် "

" ပါမယ် ညီမလေး....ဒါပေမဲ့ ပြိုင်မယ့်လူအနေနဲ့တော့
မဟုတ်ဘူး....ခေါင်က မနှစ်က the whole
king ဆုရထားတယ်လေ....ဒီအတွက်
ညီမလေးတို့ကို ဆုပေးရင် ခေါင်က လာပေးမှာ "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now