Unicode & ZawGyi
"ကျွန်တော် ပိုင်သော ညို❤️"
အပိုင်း(၉)
ညအချိန်မတော်မှ ပြန်လာသည့်
စစ်မင်းထက်တစ်ယောက် ခြံအပြင်ဘက်မှာ
လူရိပ်သူရိပ်ကို ချောင်းကာ ကြည့်နေမိသည်။
တစ်အိမ်လုံး မှောင်မဲနေကာ
ည၁၂ နာရီ လည်းကျော်နေပြီမို့ ဒီအချိန် ဖွားရော
အမေရော ၊ သူ့ဦးလေး ကိုကြီးသော်မင်းဆက်ပါ
အိပ်နေပြီဆိုတာကို သူသိသည်။
တော်သေးတာပေါ့ မေသဲညိုကို
သူ ၈ နာရီကျော်မှ ပြန်လာမယ်ဆိုတာကို
ကြိုပြောခိုင်းထားပေလို့ပေါ့။
နို့မို့ဆိုရင် ဘယ်နှစ်နာရီပြန်လာမယ်ဆိုတာကိုသာ
ကြိုမပြောခဲ့ရင် ဖွားနဲ့ အမေက သူ့ကို
ထိုင်စောင့်နေမှာပင်။
ထိုင်စောင့်တာက ပြဿနာမရှိ
ကစ်မှာကိုပင် ကြောက်ရသည်။
စစ်မင်းထက် ခြံတံခါးပိတ်သွားတာကို
သိသည်မို့ သူကိုယ်တိုင် ဟိုတစ်နေ့က ဖန်တီးထားတဲ့
ခွေးတိုးပေါက်ကနေ ဝင်လာသည်။
ခြံထဲ ရောက်သွားတော့ ဖုန်ခါလိုက်ပြီး
အိမ်ထဲသို့ ဝင်ရန် လှမ်းလာလိုက်သည်။
အိမ်မကြီး တံခါးကို သာသာ ယာယာ ဖွင့်ပြီး
ခြေသံဖွဖွဖြင့် အိမ်ထဲဝင်လာတဲ့ စစ်မင်းထက်။
အိမ်ထဲ ဝင်ဝင်ချင်း ရေအရင်ဆုံးသောက်ချင်လာတာကြောင့် မီးဖိုချောင် ထဲ သူဝင်လာလိုက်သည်။
ဖုန်းမီးဖွင့်ကာ ရေခဲသေတ္တာထဲက ရေခဲရည်အေးအေး
တစ်ဘူးကို ယူပြီး ဖွင့်ကာ သူမော့သောက်လိုက်သည်။
ချလပ်!!!
ရုတ်တရက်မှောင်နေရင်းနဲ့မှ ပွင့်သွားတဲ့
စားခန်း ထဲက မီးအရောင်ကြောင့်
စစ်မင်းထက် သီးသွားရသည်။
"စစ်မင်းထက်!!!"
အမေ့ရဲ့ ခေါ်သံကြောင့် စစ်မင်းထက်
အနောက်ကို လှည့်ကြည့်မိသည်။
"အောင်မယ်လေး...."
ကြက်မွှေးတစ်ချောင်းကိုပါ ကိုင်ထားတဲ့
ဖွားကြောင့်ရော ညအိပ်ဂါဝန် ဝတ်စုံကြီးနဲ့
လက်ပိုက်ကြည့်နေတဲ့ အမေ့ကြောင့်ရော
စစ်မင်းထက် လန့်သွားရသည်။
YOU ARE READING
ကျွန်တော် ပိုင်သော ညို🤎
RomanceUnicode ကျနော်က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ ဆိုတဲ့ကောင်လေးဟာ ညိုချောလေးကိုမှ တကယ် အသည်းခိုက်မတတ် ချစ်မိသွားတဲ့ အခါမှာတော့.....? #ဆန်စက် ပိုင်ရှင် သူဌေးသားလေး❤️🤎 ZawGyi က်ေနာ္က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ... #ဆန...
