ဝိုင်(၁၅)

36.5K 1.7K 77
                                    

Unicode

နူးညံ့တဲ့အထိအတွေ့များက မက်မောမှုအပြည့်နဲ့ ယစ်မူးစရာကောင်းလွန်း၏။ဘယ်လောက်ကြာတဲ့ထိ အနမ်းများကိုဆက်နေမိလဲ​မသိတော့။နှစ်ယောက်သား အသက်ရှူမဝမှ နှုတ်ခမ်းများကိုလွပ်လပ်ခွင့်ပေးမိတော့သည်။သူကိုယ်တိုင် မသိလိုက်ပါပဲ ထိုလူ့အနမ်းများကိုပျော်ဝင်နေမိတာ။ခုတော့ကိုယ်ကသာရှက်ကိုးရှက်ကန်းနဲ့ဘာလုပ်ရမယ်မသိ။သူ့ရှေ့ကလူကတော့စပ်ဖြီးဖြီး။

"အဟမ်း"

မနေတတ်စွာထလိုက်ပြီးချောင်းဟန့်လိုက်တော့

"ဘယ်သွားမလို့လဲ"

"ဂစ်တာသွားပြန်ထားမလို့"

"မနက်မှသွားထားကွာ ဘေးထားခဲ့လိုက် လာခဲ့ ငါ့နား"

မသွားဖို့ရန်တားမြစ်နေတဲ့လူကြောင့် ဂစ်တာကိုနံရံဘေးတွင် မှီကာထားခဲ့လိုက်သည်။ ဘေးလာထိုင်ရန်ကုတင်ကိုလက်ဖြင့် ပုတ်ကာခေါ်တာမို့ ချက်ချင်းဘဲ သူဝင်ထိုင်လိုက်တယ်။အဘယ့်ကြောင့်ထိုလူပြောတိုင်း တသွေမတိမ်းနားထောင်နေမိသနည်း။

"ငါမင်းကိုချစ်တဲ့အကြောင်းတွေ ထိုင်ပြောမလို့နားထောင်နော်"

"...."

"ငါလေ မောင့်ကို စမြင်မြင်ချင်းကတည်းက ချစ်တာ ခုချိန်ထိပဲ အဲ့တုန်းကလေ မောင်ကတကယ့်လူကြီးပေါက်လေး ပုဆိုးလေးနဲ့သိပ်ချစ်ဖို့ကောင်းတာ ကြောင်ဂျီးအိုးရုပ်လေးနဲ့ အခုတော့ ငါ့မောင်က သိပ်အားကိုးချင်စရာကောင်းတဲ့ ယောင်္ကျားကောင်းတစ်ယောက်ဖြစ်နေပြီ "

"အဲ့တော့"

သူစကားထောက်ပေးလိုက်တော့

"အဲ့တော့ ငါ့ဆီကနေအခြားသူတွေ မောင့်ကိုလုသွားမှာကြောက်တယ် ငါမင်းကိုအပိုင်လိုချင်တယ် အတ္တကြီးတယ်ဘဲပြောပြော ငါ့မှာ ဘာစည်းစိမ်ဥစ္စာမှမရှိရင်နေ ကုန်ကုန်ပြောရရင်ကွာ အဝတ်တစ်ထည်ကိုယ်တစ်ခုဘဲရှိနေရင်တောင် ငါမင်းကိုပိုင်ဆိုင်ရရင်ကိုဖြစ်တယ် "

"...."

"မောင့်ရဲ့အကြည့်တွေကိုငါချစ်တယ် ဆင်းနေတဲ့နှာတံလေးကိုလည်းချစ်တယ် ခပ်ထူထူမျက်ခုံးလေးကိုလည်းချစ်တယ် မထူမပါးနှုတ်ခမ်းလေးကိုလည်းချစ်တယ် ဖြစ်တည်မှု အသေးအဖွဲ့လေးကအစ ငါချစ်တယ် မင်းကြောင့်အရူးရင့်ဖြစ်နေတဲ့ ငါ့ကိုငဲ့ညာတဲ့အနေနဲ့ ကောင်းတဲ့အဖြေလေးပဲ ငါကြားချင်တယ် "

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now