𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》

4.9K 686 1
                                    

My Cherry Will Explode in the Apocalypse

Chapter 58《 အရေးပေါ်မစ်ရှင် 》

Author: Drunken Light Song
Source: Jostena M
Translator: オタク

Unicode

ရက်ပေါင်းများစွာ ပြေးလွှားပြီးနောက် မည်သူကမှ မကျေမနပ် မဖြစ်ခဲ့ကြသော်လည်း တကယ်တော့ သူတို့သည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်ခဲ့ကြလေသည်။ နောက်ဆုံးမှာတော့ သူတို့၌ အခြေချနေထိုင်စရာနေရာတစ်ခုရခဲ့ပြီး လူတိုင်း အိပ်ချင်နေခဲ့ကြသည်။

အိမ်သုံးခုစလုံးတွင် အခန်းနှစ်ခန်းနှင့် ဟောခန်းတစ်ခန်းစီပါရှိ၏။ ယခု အိမ်သုံးလုံးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီဖြစ်၏။ သူတို့သည် အခန်း 501၏ ဧည့်ခန်းကို မပြောင်းလဲဘဲ အခန်း 502 နှင့် 503 ဧည့်ခန်းများကိုတော့ ကျန်းရှို့လျန်က နံရံတစ်ခုဖြင့် ပိတ်ထားလိုက်သည်။ ကုတင်တစ်လုံးနှင့် မွေ့ယာကို အထဲတွင်ထည့်ထားပြီး အခန်းအဖြစ်အသုံးပြုနိုင်စေရန်အတွက်ဖြစ်သည်။ ထိုနည်းဖြင့် အခန်းရှစ်ခန်းကိုဖွဲ့စည်းခဲ့ပြီး ဝူကျင်းနှင့် ကျန်းရှို့လျန်တို့သည် တစ်ခန်းကိုမျှဝေပြီး၊  သုန်သုန်နှင့်စုရွေ့ကျယ်တို့ကလည်း အခန်းတစ်ခန်းကို မျှဝေခဲ့ကြကာ၊ ကျန်သူအားလုံးမှာတော့ အခန်းတစ်ခန်းစီရှိကြသည်။

စုရွေ့ကျယ်သည် အိပ်ရာမဝင်ခင်၌ ရှောင်ဟေးအတွက် သက်တောင့်သက်သာရှိသောကြောင်အိပ်ရာတစ်ခုကို အထူးပြုလုပ်ပေးထားပြီး သူ့အားကုတင်ပေါ်တွင် မအိပ်စေခဲ့ပေ။  ရှောင်ဟေး၏ခန္ဓာကိုယ်နှင့် မတော်တဆ လဲလှယ်မသွားစေရန် ဖြစ်၏...

လူတိုင်းသည် နေဝင်ခါနီးအထိ အိပ်ကြပြီးနောက် အခြေစိုက်စခန်းတွင် မီးများဖွင့်ထားကာ အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ကြရ၏။ သူတို့သည် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ပြီး အောက်ထပ်လမ်းများ၌လည်း လူများစုဖွဲ့နေကြကာ အလွန်အလုပ်ရှုပ်နေကြလေသည်။

“ငါတို့လည်း ဆင်းပြီး တစ်ချက်လောက်သွားကြည့်သင့်လား?”

ကျန့်ကျားဟယ်သည် ကမ္ဘာပျက်ကပ်ကြီးပေါက်ကွဲခဲ့ပြီးကတည်းက အချိန်အတော်ကြာအောင် ဤကဲ့သို့သော အသက်ဝင်လှုပ်ရှားနေသည့်မြင်ကွင်းကို မတွေ့ရသည်မှာ ကြာပြီဖြစ်သောကြောင့် သူသွား၀င်ပါချင်နေပြီး စိတ်လှုပ်ရှားစွာ ပြောလာခဲ့သည် ။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now