Chapter 23 - Unicode

5.8K 509 24
                                    

အခန်းထဲကိုပြန်ရောက်ရောက်ချင်း Instagram က Noti တက်လာတာမို့ သျှင်မင်းသန့်ဖုန်းကိုဖွင့်ကြည့်လိုက်မိသည်။ သူ့ကို mention ထားသည့် Story တစ်ခု။ မနက်က သူအိပ်ရာက အိပ်မှုန်စုံမွှားထလာသည့်ပုံကို တင်ထားခြင်းဖြစ်သည်။

"my messy baby @shinminn_thant"

သျှင်မင်းသန့်ပြုံးလိုက်မိပြီး ကြည်နူးသွားရ၏။ ထို့အပြင် သီချင်းလေးနဲ့ပါတွဲတင်ထားတာမို့ မျက်စိပဒေသာရော၊ နားပဒေသာပါသင့်နေသည်။

*I love you, baby and this is quite alright

Instagram music ကစာသားတွေတစ်လုံးချင်းပေါ်လာတာကိုကြည့်ရင်း ဝင်လာသည့်အတွေးကြောင့် သျှင်မင်းသန့် မျက်နှာမှောင်မဲသွားရသည်။

ထို့နောက်မကျေမနပ်ရေရွတ်လိုက်သည်က

"ဦးလေးကြီးတောင် Instagram music ရတယ်၊ ငါကျဘာလို့မရတာလဲ"

ဟူ၍။

_______________________

"ဖိုးဖိုး နေမကောင်းဘူးလား"

အနည်းငယ်ဖြူရော်ဖြူဖက်ဖြစ်နေသည့် အဘိုးဖြစ်သူကြောင့် သျှင်မင်းသန့်အပြင်မထွက်ခင်မေးလိုက်မိသည်။

"ကောင်းပါတယ် နည်းနည်းအအေးပက်သွားတာ"

"ဆေးခန်းသွားမလား ဖိုးဖိုး"

"ဟင့်အင် ရတယ် ဖိုးဖိုးဘာသာပဲသွားလိုက်မယ်"

ပြာပြာသလဲငြင်းလာသည့်အဘိုးဖြစ်သူနားကိုသွားလိုက်ကာ သျှင်မင်းသန့်သေချာကြည့်လိုက်မိသည်။

"မဖြစ်ပါဘူး သားနဲ့တူတူသွားမယ်"

"ဖိုးဖိုး အဆင်ပြေပါတယ် ငါ့မြေးရဲ့၊ ငါ့မြေးကို ပြောစရာရှိသေးတယ် ခဏထိုင်ဦး"

အဘိုးဖြစ်သူစကားကြောင့် ဧည့်ခန်းထဲရှိခုံပေါ်တွင်ခဏထိုင်လိုက်သည်။ သူ့ဘေးကိုထိုင်လာသည့် ဦးမင်းထက်က သူ့လက်ကိုဆုပ်ကိုင်လာ၏။

"ငါ့မြေး ရည်းစားတွေဘာတွေရနေပြီလား"

အဘိုးဖြစ်သူစကားသည် သျှင်မင်းသန့်အား ကျင်စက်နှင့်တို့လိုက်သလိုပင်။

"အဲဒါက"

"ဖိုးဖိုးကိုပြောပြလို့ရပါတယ်"

HONEYWhere stories live. Discover now