ကျေးဇူးတင်လွှာ 💗💗

7.3K 226 26
                                        

Unicode

ဒီ fic လေးကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါပြီနော် ...extra တွေလာဖို့မရှိတော့ပါဘူး

အချိန်တစ်ခုပေးပြီး အဆုံးထိဖတ်ပေးခဲ့ကြတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ရှိကြောင်းပြောချင်ပါတယ်❤️

ဒီအတောအတွင်းမှာ အလုပ်တွေအရမ်းများတော့ စာရေးဖို့အတွက်ကို အချိန်ယူခဲ့ရတယ်...
အလုပ်များလို့မှမရေးနိုင်ပါဘူးဆို တစ်ခါတစ်လေ စိတ်တွေက လေလွင့်နေပြီး လုံးဝရေးလို့မရတဲ့ရက်တွေလည်းအများကြီးရှိခဲ့တယ်...
စပြီးတင်ကတည်းက ရှေ့မှာ ၁၀ပိုင်းလောက်ကိုကြိုရေးထားပြီးမှတင်တဲ့အတွက် ပုံမှန်တင်နေကျရက်မှာ မပျက်မကွက်တင်ပေးနိုင်တာပါ...

နေ့တိုင်းတင်မယ်ဆိုတင်လို့ရပေမယ့်လည်း တင်ရမယ့်ရက်မှာ ရေးထားတာကမရှိ..ရေးချင်စိတ်ကလည်း မရှိဖြစ်နေရင် မတင်နိုင်မှာစိုးတာကြောင့် အခြေအနေကိုတွက်ကြည့်ပြီး တစ်ပတ်မှာ ၅ရက်ပဲတင်ဖို့ဆုံးဖြတ်လိုက်တာပါ

အဲ့တာကြောင့် နေ့တိုင်းတင်ဖို့ကြိုးစားပေးမယ်ပြောပြီး ဇာတ်သာသိမ်းသွားတယ် လုပ်မပေးနိုင်ခဲ့တဲ့အတွက် တကယ်ကိုအားနာရပါတယ်နော်🥺

ongoing လိုက်ပေးကြတဲ့သူလေးတွေ၊ cmt & vote ပေးကြတဲ့သူလေးတွေ၊ slient reader လေးတွေ၊ complete ဖြစ်အောင်စောင့်ပြီးမှ ဖတ်မယ်ဆိုသူလေးတွေ တစ်ယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်နော်😘
အားလုံးရဲ့ အားပေးမှုကြောင့်သာ ခုလိုရေးနိုင်ခဲ့တာပါ
လိုအပ်ချက်တွေရှိနေသေးပေမယ့်လည်း သဘောကျပေးကြတဲ့အတွက်ကျေးဇူးပါ😍

ခုလိုစိတ်ရှုပ်စရာကာလကြီးမှာ ဒီ fic လေးဖတ်ပြီး ခဏတာစိတ်အမောပြေတယ်ဆိုရင်ကို ဖန်တီးရကျိုးနပ်ပါပြီ.....

အားလုံးပဲ စိတ်ရောကိုယ်ရောကျန်းမာအောင်ဂရုစိုက်ကြပါ....

ပျော်ရွင်စရာကောင်းတဲ့နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ......

Aurora

Zawgyi










Aurora

ရှိသည် ဖြစ်သည် ချစ်သည်Donde viven las historias. Descúbrelo ahora