65

14.3K 2.1K 113
                                    

Unicode

ငါးမိနစ်အကြာတွင် ရှီယွင်နန်တစ်ယောက် အလုပ်ကဖုန်းကောကို ဖြေရန် အပြင်ခဏထွက်သွားသည်။

လော့လင်းရှန်းကတော့ ဝီးချဲလ်ပေါ်တွင် မတ်မတ်
ထိုင်နေပြီး ရွှေငါးလေးက နံရံဘေးတွင် မတ်မတ်ရပ်နေသည်။ တူဝရီးနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်​သလိုမျိုး အကြည့်ချင်းဆုံသွား၏။

လော့လင်းရှန်းက ရှီယွင်နန် အပြင်မှာ ဖုန်းပြောတာကို နားထောင်နေရင်း ဒါကို အခွင့်ရေးယူကာ သူကအရင်စမေးလိုက်သည်။  "မင်းရှုရှု တခြားသူတွေ လှည့်စားတာမခံရအောင် ငါဘယ်တုန်းကများ မင်းကို စောင့်ကြည့်ခိုင်းလို့လဲ?"

"....."

ကာကွယ်ပေးမယ့် ရှီယွင်နန်မရှိတော့တာကြောင့် သူ့ဦးလေးဆီ အိုးကို ပစ်ချထားသည့်(အပြစ်ပုံချထားသည့်) ရွှေငါးလေးတစ်ယောက် လက်လေးကို နောက်မှာ ဝှက်ထားကာ ဂနာမငြိမ်ဖြစ်နေရှာသည်။

ရှီယွင်နန် နိုင်ငံခြားသားနှင့် စကားပြောနေသည့် မြင်ကွင်းကို ရုတ်တရက် သူပြန်သတိရသွားပြီး၊ ပထမဆုံးအကြိမ်အနေဖြင့် သူ့ခန္ဓာကိုယ်သေးသေးလေးက သူ့ဦးလေးရှေ့တွင် တင်းတင်းမာမာဖြစ်သွားကာ

"ရှုရှု မပြောပေမယ့် အဲ့လို ဆိုလိုတာပဲလေ!"

"သားသာ ပါးလို့ မအော်လိုက်ရင် ရှောင်ရှုရှုတခြားလူလှည့်စားတာ ခံနေရလောက်ပြီ!"

လော့လင်းရှန်းက မျက်ခုံးပင့်လိုက်ကာ "ဘယ်သူလဲ? မင်းအရင်တခေါက်တုန်းက တွေ့တဲ့ နိုင်ငံခြားသားအန်ကယ်လား?"

ရွှေငါးလေးက ခေါင်းညိတ်ပြလိုက်သည်။ ရှီယွင်နန်ကို ကာကွယ်တဲ့ ကိစ္စနှင့် ပတ်သက်လာပြီဆို တူဝရီးနှစ်ယောက်ရဲ့ သဘောထားမှာ တကယ့်ကို စည်းလုံးသွားကြသည်။

"ရှုရှု၊ အဲ့လူကလေ ရှောင်ရှုရှုကို လက်ဖက်ရည်လိုက်တိုက်မယ်လို့တောင်ပြောသေးတယ်၊ အဲ့ဒါနဲ့ သားလည်း..."

"အဲ့ဒါနဲ့ မင်းလည်း ဘာဖြစ်လဲ?" ဖုန်းပြောပြီးသွားသည့် ရှီယွင်နန်က အထဲကို ပြန်ဝင်လာ၏။

လော့လင်းရှန်းနှင့် ရွှေငါးလေးမှာ တပြိုင်နက်တည်း သူ့ကို လှည့်ကြည့်မိသွားကြသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now