Ch 16 to 20

496 55 0
                                    

Chapter 16 - စုရွှင်းအာရဲ့ အဖေက သိုင်းဆရာသခင်လား

စုရွှင်းအာတစ်ယောက် အံ့အားသင့်သွားခဲ့ပါတယ်။ သူမ လှည့်ကြည့်လိုက်တော့ သူမရဲ့ မျက်နှာက ပြန်တည်သွားခဲ့ပါတယ်။

"အဖေ..."

အသက်လေးဆယ်လောက်ရှိတဲ့ သက်လတ်ပိုင်းလူတစ်ဦး လျှောက်လာတာကို တွေ့လိုက်ပါတယ်။

ယန်ချီက အဲ့ဒီသက်လတ်ပိုင်းလူကို ကြည့်လိုက်တော့ အလွန်ချောမောခန့်ညားသူတစ်ယောက်မှန်း သိလိုက်ပါတယ်။ သူ့မှာ ထင်ရှားတဲ့ မျက်ခုံးနှစ်ခုနဲ့ ကျားသစ်လို မျက်လုံးတစ်စုံပါရှိပါတယ်။

ဒါ့အပြင် သူ့ဆီကနေ အန္တရာယ်ပေးနိုင်မှုကို ပြင်းထန်စွာ ခံစားခဲ့ရပါတယ်။

"သိုင်းဆရာလား..။ ဆရာသခင်လား.."

ယန်ချီက ဒီသက်လတ်ပိုင်းလူနဲ့ ယှဉ်ပြိုင်ရင် သူ အနိုင်ရဖို့ အခွင့်အရေး မရှိဘူးဆိုတာ သူ သိပါတယ်။

ဒီလူက နှာခေါင်းရှုံ့လိုက်ပြီး စုရွှင်းအာကို ကြည့်လိုက်ပါတယ်။

ဒီလူက စုရွှင်းအာရဲ့ အဖေ စုခွန် ဖြစ်ပါတယ်။

"လေ့ကျင့်ဖို့အတွက် အပြင်မထွက်နဲ့လို့ သမီးကို အဖေ ပြောထားတယ်လေ။ ဒါပေမယ့် သမီးကနားမထောင်ခဲ့ဘူး။ အဖေတို့ အိမ်ပြန်ရောက်ရင် သမီးကို ဘယ်လို ဆုံးမ မလဲဆိုတာ စဉ်းစားထားဦး"

စုခွန်က စကားပြောပြီးတဲ့နောက်မှာ ယန်ချီကို သတိပြုမိလိုက်ပါတယ်။

သူက ယန်ချီကို ဂရုတစိုက် လေ့လာနေခဲ့ပါတယ်။ ခဏအကြာမှာတော့ စုခွန်က အနည်းငယ် အံ့အားသင့်သွားခဲ့ပါတယ်။ ယန်ချီက အခြားလူတွေနဲ့ မတူဘူးဆိုတာ သူ တွေ့လိုက်ရပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က သာမန်မဟုတ်ပါဘူး။

'ယန်ချီရဲ့ ခန္ဓာကိုယ်က မူလခန္ဓာကိုယ်လား´

"မင်းနာမည်က ဘယ်လိုခေါ်လဲ"

"ကျွန်တော် နာမည် ယန်ချီပါ"

ယန်ချီက ပြောလိုက်ပါတယ်။

"င့ါနာမည်က စုခွန်ပါ။ ငါက လင်ဟိုင်အခြေစိုက်စခန်းမှာ ရှိတဲ့ မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် တစ်ယောက်ပဲ။ မင်း စိတ်ဝင်စားမယ်ဆိုရင် ငါတို့ မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းကို လာနိုင်ပါတယ်"

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now