Final Episode (Uni)

14K 592 27
                                    

အပိုင်း(၅၀)

Song Recommend = butterflies
─────────────────

ဆောင်းလေကြောင့် ရာသီဥတုသည် အနည်းငယ်အေးစိမ့်လျက်ရှိသည်။
နှင်းဟုမဆိုသာသော မြူမှုန်များသည်လည်း လေထုနှင့်အပြိုင် နေရာယူလျက်။
ဝိုးတစ်ဝါး လမ်းမက နံနက်ခင်းမို့ အနည်းငယ်ရှင်းလင်းနေသည်။

ဇဏ် Hotelသို့ လာတဲ့တစ်လျှောက်လည်း နေပင်မမြင်ရသေး။
ညိမ်နဲ့အတူသွားပါမယ်ဆိုကာမှ ချစ်ရသူက မစောင့်နိုင်ဘဲ အရင်ထွက်သွားသည်။
Hotel ရောက်ရောက်ချင်းလည်း တွေ့ချင်တဲ့မျက်နှာလေးကို မတွေ့ရသေးဘူး။
သူတို့သားနှစ်ယောက်ထက်ပို၍ တက်ကြွနေတဲ့ ဆူးက ပြင်ဆင်ပြီးမှသာ သွားကြည့်ဟုဆိုကာ သူ့ကို ချောဆွဲထားသည်။

Fitting Room အခန်းတံခါးကို ခေါက်မည်ပြင်စဉ် ကြားလိုက်ရတဲ့တချို့ကြောင့် ဒီအတိုင်းသာ သူ၀င်လာခဲ့တော့၏။

"နည်းနည်းလေးတော့ လိမ်းမှရမယ် မောင်လေး "

"ဟို မိတ်ကပ်ကမလိုပါဘူး ကျွန်တော်မလိမ်းချင်ဘူး"

"ဗီဒီယိုဘာညာရိုက်ရင် နည်းနည်းလေးလိမ်းမှ အဆင်ပြေမယ် "

မေမေ၀ယ်ပေးဖူးတဲ့ ယောင်္ကျားလေးသုံးခရင်မ်တို့လောက်သာ လိမ်းဖူးတဲ့သူ့အဖို့ မိတ်ကပ်ဆိုတဲ့ အရာကြီးကို တွန့်ဆုတ်နေရသည်။

"ဟို…"

"မလိမ်းချင်ရင် မလိမ်းခိုင်းပါနဲ့ သူဘယ်လိုနေနေ အဆင်ပြေတယ် "

ရင်းနှီးနေတဲ့ ရေမွှေးနံ့နဲ့အတူ နောက်ပါးမှ ထွက်ပေါ်လာတဲ့ အသံကြောင့် သူလှည့်ကြည့်မိတော့ ခီ။

"ခီမင်းပြီးပြီလား မြန်လိုက်တာ "

"ကျွန်တော်က ညိမ့်လို ဂျစ်နေတာမှမဟုတ်တာ "

အပြစ်တင်သလိုလို စကားလုံးလေးဖြစ်သည့်တိုင်
အသံမှာ နူးညံ့နေ၏။

"မောင်လေးတောင် လိမ်းတာပဲမလား တွဲဖက်ကလိမ်းမှ အဆင်ပြေမှာပေါ့"

နှစ်ယောက်သား ဘယ်လိုငြင်းငြင်း မိတ်ကပ်ပြင်ပေးနေတဲ့ အစ်မကြီးကမူ အလျှော့ပေးချင်ပုံမရ။

ထိုစဉ် ဒေါက်ဖိနပ်သံနှင့်အတူ ပန်းရောင်ဂါ၀န်လေးနှင့် လှနေတဲ့ ဆူးက အနားသို့ရောက်လာသည်။

Love Of My Life [Completed]Where stories live. Discover now