အခန်း ၂၇

3.5K 356 13
                                    

ကြယ်စင်တွေမရှိတဲ့ညဟာ အချစ်မရှိတဲ့ညလိုမျိုးပေါ့ ။ တိတ်ဆိတ်ငြိမ်သက်မှုတွေကြားမှာ ချမ်းခိုက်တုန်ရီသောရာသီဥတုဟာ နှိပ်စက်နေသည့်ဟန် ။ ကံကြမ္မာဆိုတာ ဘယ်လိုအကြာင်းများလဲ ။ ဒီကံကြမ္မာဟာ မြိုင့်အတွက် အမှောင်တိုက်များလား ။

စံအိမ်တော်ရှိ အခန်းပြတင်းပေါက်ကို မှီကာငေးငိုင်၍ မိုးကောင်းကင်ရှိကြယ်စင်များကို တွေ့ရနိုးနိုးရှာဖွေနေသည့် မြိုင့်ထံသို့ မျှော်လင့်ခြင်းကြယ်ပွင့်လေးများ ရောက်လာပါမည်လား ။

" ကြယ်တွေက မချစ်တတ်တော့ဘူး ထင်ပါရဲ့ ။ "

တီးတိုးစွာရေရွတ်မိသည့်စကားသည် အတွေးများမှ ဖိတ်ကျလာခြင်းဖြစ်သည် ။ ဝမ်းနည်းစရာအတွေးများဟာ ထိန်းချုပ်နိုင်စွမ်းမဲ့ပြီး ကြိုဆိုခြင်းမရှိသည့် ခန်းမအလယ်သို့ မောက်မာစွာရောက်လာသလို ။ မြိုင်ဟာ အတွေးနယ်ပယ်ထဲ ခြေဆန့်မိနေသည် ။

တောင်တွေးမြောက်တွေးဖြင့် ညကောင်းကင်ကို ကြည့်နေရသည်မှာ အိပ်မက်ဆိုးအသွင်ပါပင် ။ မြိုင်သည် ကြယ်များမရှိသည့် ညကောင်းကင်အား မနှစ်သက် ။ ကြယ်မရှိတဲ့ညဟာ အမှောင်တိုက်ဖြစ်သည်ဟု မြိုင် ထင်မိသည် ။ နာကျင်စေသောအဖိုးအခများကို ပေါင်းစုနေသောညဟု တင်စားလိုက်ချင်သည် ။ သို့မဟုတ် ။ လှပတဲ့အိပ်မက်ဆိုးဟု တင်စားလိုက်ချင်မိပါသည် ။

" ကနေ့ညတော့ အိပ်မက်ဆိုးလှလှလေး မက်တော့မယ် ထင်ပါရဲ့ ။ "

သူမပင်သည်မဟုတ် ။ ဘေးအခန်းရှိ ညိုလေးသည်လည်း မှန်တင်ခုံအရှေ့၌ထိုင်ပြီး နီးစပ်ရာပြတင်းပေါက်မှ ကြယ်မရှိသောညကောင်းကင်ကို ငေးကြည့်နေရှာသည် ။

သူမသည် မိမိအား ပေးခဲ့သော ကိုဘတင်၏ချစ်သဝဏ်လွှာကို ဖွင့်ဖတ်ရမည့်အရေးကို တုန်လှုပ်မိပါသည် ။ ယခုအချိန်မှာ အထုတ်ပိုက်ပြီး သီရိမြိုင်စံအိမ်မှဖြင့် ရထားရုံးတော်ကိုသာသွား၍ မန္တလေးကိုအပြေးထွက်သွားချင်စိတ်များ ဖြစ်မိသည် ။ မေမြို့မှာ ခြေမချချင်သလို ဖြစ်လာမိသည် ။

ညိုလေးသည် မှန်တင်ခုံပေါ်မှာ တင်ရှိနေသော စာကို ဖွင့်၍မဖတ်မိခင် စိတ်ဓာတ်ကျလာပြန်သည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now