အခန်း-(၁၃၈) မင်းသူ့ကိုသတ်လို့မရဘူး

118 22 0
                                        

Zawgyi

အခန်း-(၁၃၈) မင်းသူ့ကိုသတ်လို့မဘူး

"ကျွန်မ စူလော်နဲ့ ကောင်းချင်းကျုံယဲ့ကိုစည်းရုံးပြီး သူတို့နဲ့အတူတောင်ဘက်ခရိုင်ကို သွားလိုက်ပါ့မယ်"

"ယုလန်းက အရှေ့ဘက်ခရိုင်မှာ ရှိနေတာတွေ့ရင် ငါနင့်ဆီက တစ်ယောက်ယောက်ကို ချက်ချင်းသတင်းပို့ပေးလာမယ် ဒါပေမဲ့ အခု နျွယ့်ကျွမ်းက နင်နဲ့အတူမရှိလို့ နင်တစ်ယောက်ထဲ အဆင်ပြေရဲ့လား? နင်နဲ့အတူလိုက်ခဲ့ဖို့ ထောင်လဲ့နဲ့ မူလိတို့ကို နင်လိုအပ်လား"

ကျောက်Sက မေးလာတော့ ကျွန်မ ခေါင်းခါပြလိုက်တယ်။

"အဲ့အတွက် မလိုတော့ပါဘူး...နင့်ရဲ့ S အဖွဲ့ဝင်တွေက အရှေ့-အနောက်နယ်စပ်ကို ကာကွယ်ဖို့ လူတော်တော်များများကို စေလွှတ်လိုက်ပြီဆိုတာ ငါသိပါတယ် အဲ့လိုမဟုတ်ရင် ကျဲပက ယွမ်‌မောင်နှမတွေကို တိုက်ခိုက်ခံရတဲ့အကြောင်း မြန်မြန်ဆန်ဆန်သိရမှာ မဟုတ်ဘူးလေ-

နင်လည်းသိပါတယ် ကျဲပကဘယ်လောက်တောင် အလုပ်ရှုပ်နေလဲဆိုတာကို...ပြောရရင် နင့်ရဲ့လူတွေက ငါ့ကို အများကြီးကူညီခဲ့ပြီးပါပြီ နင့်ဘက်က စစ်ကူတွေ ပိုပေးလိုက်ရင် အရှေ့ဘက်ခရိုင်က အားနည်းသွားနိုင်တယ်လေ ပြီးတော့ နင့်ရဲ့ B အဆင့် အရာရှိနှစ်ယောက်ကိုလည်း ငါဒုက္ခမပေးနိုင်တော့လို့ပါ"

‌ကျဲပက ခေါင်းညိတ်ပြလာတယ်။

"အားရှန်းပြောတာ မှန်ပါတယ် မိန်းကလေး ကျောက်S...ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်စကား ကောင်းကောင်းတောင် မ‌ပြောနိုင်ခဲ့ဘူးဗျ တကယ်တော့ S အဖွဲ့က လူတွေက ကျွန်တော်တို့အတွက် ကြီးကျယ်တဲ့ အကူအညီတွေ ပေးခဲ့ပါတယ်"

ကျောက်Sက သူမရဲ့ လည်ပင်းကို တောင့်တောင့်တင်းတင်းလှုပ်ခါရင်း ပြောလာတယ်။

"ပြဿနာ လုံးဝမရှိပါဘူး အရေးကြီးတာက တားမြစ်ဇုန်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရာမှာ အားလုံးအတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ပါပဲ အများကြီး ဖြတ်သန်းပြီးရင်တော့ ဒီနေရာဟာ လူတွေရဲ့ ထာဝရ နေထိုင်ရမဲ့ နေရာ မဟုတ်ဘူးဆိုတာ သေချာပါတယ် ကျွန်မတို့ တစ်နေ့နေ့ ပြန်နိုင်ကြမှာပါ"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Место, где живут истории. Откройте их для себя