{68}

4.9K 830 32
                                    

Unicode

ဖြတ်လျှောက်တွေသည် ကျိချင်းကျိုးပရိတ်သတ်တွေက လော့ယွီရှင်းပရိတ်သတ်တွေကိုသိသိသာသာရှုံးနိမ့်နေကြပြီး လော့ယွီရှင်းပရိတ်သတ်တွေက ရူးသွပ်လုနီးနီးဖြစ်နေကြကာ အပြင်းအထန်ကို ဆဲရေးတဲ့စာတွေတင်ကြတော့သည်ကိုမြင်နေရသည်။သူတို့က အတန်ကြာစိတ်အနှောင့်အယှက်ဖြစ်နေကြပြီး လော့ယွီရှင်း ပရိသတ်တွေကို အကြံပြုကြတော့သည်။

လော့ယွီရှင်းကလုံးဝကို ရွှံ့ရေစင်သွားပြီဖြစ်သည်။ကျိချင်းကျိုး၏ပရိတ်သတ်လေးတွေမှာ တစ်ဖက်အဖွဲ့က ဖန်ကလပ်ထဲမှာ လာသောင်ကြမ်းခြင်းဖြစ်၍ အလွန်အမင်းဒေါသထွက်နေကြ၏။ဒါ့ပြင် သူတို့ကောကော အသရေဖျက်ခံရသည့်အတွက်လည်း စိတ်ဓာတ်ကျနေကြပြီး ‌အင်တာနက်ကိုဖြတ်၍ လော့ယွီရှင်း၏ခွေးခေါင်းကိုသွားဆော်ချင်နေကြသည်။

ကျင်းကျင်း၏သူငယ်ချင်းမလေးများကလည်း တအားဒေါသတွေထွက်နေကြသည်။လော့ယွီရှင်း၏ ပရိတ်သတ်တွေက အပြောအဆို ညစ်ညမ်းရိုင်းစိုင်းလွန်းကြသည်။သူတို့ ကျိခင်းကျိုးအတွက်ရန်ဖြစ်ပေးကြသည်။သူတို့သူငယ်ချင်းတွေထဲမှာကျိချင်းကျိုးကို ကြိုက်တဲ့သူတွေရှိသလို ကျိချင်းကျိုးကိုလည်း အားလုံး သိကြသည်။ထို့ကြောင့် နောက်တစ်ခါ ဒီလို ကိစ္စမျိုးဖြစ်လာရင်လည်း လော့ယွီရှင်း ပရိတ်သတ်တွေနဲ့ ပြန်တိုက်ပေးမှာဖြစ်သည်။

တစ်ပိုင်းပြီးသွားတာနဲ့ ကျိခင်းကျိုးသည် Weiboနဲ့ဟစ်တိုင်ကိုအခြေအနေကြည့်ရန်သွားချိန် သူ့ပရိသတ်လေးတွေက လော့ယွီရှင်း ပရိတ်သတ်တွေနဲ့ ရန်ဖြစ်နေကြပြီးသလို တစ်ချို့ကလည်း အခုထိ ရန်ဖြစ်နေကြတုန်းပင်။သူ့ဖန်တွေက အတော်လေးစွမ်းအားကြီကြသည်။လော့ယွီရှင်းပရိတ်သတ်တွေနဲ့ အကြာကြီး ရန်ဖြစ်တာတောင်မှ အခြေအနေကို ထိန်းထားနိုင်တုန်းပင်။သူ နောက်ထပ် သတိပြုမိသွားသည့်အချက်က သူ hot searchပေါ်ထပ်ရောက်နေပြန်ပြီပင်။ထိုကိစ္စက အရေးမကြီးပေမယ့် အခုဟာက လျန်ကျင်းရှင်ရဲ့ Weibo ပို့စ်ကြောင့် ထပ်ရောက်နေခြင်းဖြစ်သည်။

⟨လျန်ကျင်းရှင် v : ပထမအပိုင်းကို ကိုယ်တို့ အတူတူ ရိုက်ကူးခဲ့ကြပြီး ကိုယ် မျှော်လင့်ထားတာထက် အတိုင်းထက်အလွန်ကို ချင်းကျိုးက အရမ်းကိုမှ အံ့ဩဖို့ကောင်းတာ။ကိုယ် နောက်လည်း ဆက်ပြီး အလုပ်တွဲလုပ်ချင်ပါသေးတယ် [ပုံ] ⟩

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now