Ch 21 to 25

452 59 0
                                    

Chapter 21 အထူးကျောင်းသား

ယန်ချီက ခန်းမသခင်ရဲ့ ရုံးခန်းကနေထွက်လာပြီးနောက် ရင်ပြင်ဆီကို ပြန်လာခဲ့ပါတယ်။

ရင်ပြင်ထက်မှာရှိတဲ့ သာမန်ကျောင်းသားအများစုရဲ့ စွမ်းအားက ဂျင်၃၀၀နဲ့ ဂျင် ၄၀၀ ကြားစွမ်းအားကို ပိုင်ဆိုင်ကြပါတယ်။ သူတို့အားလုံးက မူလခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့်ကို ရောက်ခါနီး သိုင်းပညာရှင်တွေ ဖြစ်ကြပါတယ်။

သာမန်ကျောင်းသားအချို့က လက်နက်တွေကို သုံးနေခဲ့ကြပြီး ရင်ပြင်ထက်မှာ ဝှေ့ယမ်းလေ့ကျင့်နေကြပါတယ်။

ယန်ချီကလည်း သူ့ရဲ့ ဆေဘာဓါးကိုဆွဲထုတ်လေ့ကျင့်နေလိုက်ပါတယ်။

ဓါးဆွဲထုတ်လေ့ကျင့်ခြင်းက သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို တိုးတက်စေနိုင်တယ်ဆိုတာ သူ သေချာနေခဲ့ပါတယ်။ မူလက သူ့အနေနဲ့ ဂျင် ၈၀၀၀ စွမ်းအား ရှိရမှာဖြစ်ပေမယ့် အခု သူ့မှာ ဂျင် ၉၀၀၀ စွမ်းအား ရှိနေခဲ့ပါတယ်။

“အကြိမ် ၁၁၀၀”

“အကြိမ် ၁၁၀၁”

“အကြိမ် ၁၁၀၂”

ယန်ချီရဲ့ ထူးဆန်းတဲ့လှုပ်ရှားမှုတွေကြောင့် သာမန်ကျောင်းသားအားလုံး အံ့အားသင့်နေခဲ့ကြပါတယ်။

“သူ ဘာတွေ လုပ်နေတာလဲ”

“လေ့ကျင့်နေတာလား”

“သူ့ဆေဘာဓါးကို ဆွဲထုတ်ခြင်းရဲ့ အဓိကအချက်က ဘာလဲ”

“ဒီလူ ဘာလုပ်နေတယ်လို့ မင်းတို့ ထင်ကြလဲ”

“သူက အရူးတစ်ယောက်တော့ မဟုတ်ဘူးမှတ်လား”

“သူက အရူးတစ်ယောက်လို့တော့ ငါထင်မိတယ်”

ရင်ပြင်ထက်က သာမန်ကျောင်းသားတွေက တစ်ယောက်နဲ့တစ်ယောက် ပြောဆိုနေခဲ့ကြပါတယ်။

ယန်ချီကသူတို့ကို လျစ်လျူရှုထားခဲ့ပါတယ်။ တစ်လလောက်ကြာရင်တော့ သူက ကျားနက်သိုင်းသင်တန်းကျောင်းက အတော်ဆုံးကျောင်းသားနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ သူက ဒီကိစ္စကို စိတ်ထဲ မထားပါဘူး။

ဘာပဲဖြစ်ဖြစ် ကျားနက်သိုင်းသင်တန်းကျောင်းက အတော်ဆုံးကျောင်းသားက အဆင့်မြင့်ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် တိုက်ခိုက်ရေးသမားတစ်ယောက်ပဲလေ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now