67

13.6K 2.3K 89
                                    

Unicode

ရှီယွင်နန် ရွှေငါးလေးကို ချီထားရင်း အင်ပါယာ လေဆိပ်မှ ထွက်လာသည့်အခါ အိမ်တော်ထိန်းချင်က သူ့တို့အား ဂိတ်ပေါက်ဝတွင် စောင့်နေလေသည်။

ဦးလေးချင်က လက်ကိုဝှေ့ယမ်းပြလာ၏။

"မစ္စတာရှီ၊ သခင်လေး"

အိပ်ငိုက်နေသည့် ရွှေငါးလေးက သမ်းဝေလိုက်ရင်း ချက်ချင်း မျက်လုံးဖွင့်ကြည့်လာသည်။

"ဘိုးဘိုးချင် သား အရမ်းလွမ်းနေတာ~"

အိမ်ချင်မူးတူး ချွဲအီအီအသံလေးကြောင့် သူဟာ ဘယ်သွားသွား လူတိုင်းရဲ့ အချစ်တော်လေး ဖြစ်နေတော့သည်။

အိမ်တော်ထိန်းချင်က လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ကာ မတွေ့တာ ကြာပြီဖြစ်တဲ့ ကလေးလေးအား ချီလိုက်သည်။

ရွှေငါးလေးက သူ့ရဲ့ ပွေ့ဖက်မှုကို လုံးဝမခုခံသလို၊ သူလုပ်နေကြအတိုင်း နှာခေါင်းလေးနဲ့ ပွတ်သီးပွတ်သပ်လုပ်နေတော့သည်။ "ဘိုးဘိုးချင် သားလေ ဘိုးဘိုးချင်အတွက် အရသာရှိတဲ့ မုန့်တွေအများကြီး ယူလာတယ်။ အားလုံး သားလွယ်အိတ်ထဲမှာ။"

"ကျေးဇူးပါ သခင်လေး"

အိမ်တော်ထိန်းချင်က ရွှေငါးလေး ဝိတ်ကျသွားလားဆိုတာ အတည်ပြုရန် သူ့အား မ ကာ မ ကာ ဝိတ်တိုင်းနေမိသည်။

"မစ္စတာရှီ၊ ခေါင်းဆောင်က မင်းရဲ့ လေယာဉ်ချိန်ကို မနက်၂နာရီ စီစဉ်ပေးထားတာဆိုတော့ ခရီးဝေးလာရလို့ ပင်ပန်းနေပြီမလား? အပြင်မှာ ဒါရိုက်ဘာ စောင့်နေပါတယ်။ အနားယူဖို့ စောစောပြန်လိုက်ကြမလား?"

ကိစ္စတွေက ရုတ်တရက်ဖြစ်လာတာမို့ ရှီယွင်နန်မှာ အမြန်ပြန်လာဖို့ ဆုံးဖြတ်လိုက်ရ၏။

လော့လင်းရှန်းရဲ့ ခွဲစိတ်ဒဏ်ရာမှာ လုံးဝအရှင်း မပျောက်သေးပေ။ ဒါအပြင်၊ ပြန်နလန်ထနိုင်မည့် လေ့ကျင့်ခန်းများနှင့် အခြားကိစ္စရပ်များအတွက် ဆေးရုံတွင် ဆက်နေရန် လိုအပ်နေသေးသည်။

ရွှေငါးလေးကတော့...

ရှီယွင်နန် မရှိရင် ထိုတူဝရီးနှစ်ယောက် ဘာမှ မလုပ်ဘဲ တစ်ယောက်နဲ့ တစ်ယောက် စိုက်ကြည့်ရုံသာ ကြည့်နေကြမှာကို စိုးရိမ်တာကြောင့်၊ ရွှေငါးလေး သဘောထားကို မေးပြီးနောက် သူတို့ အတူပြန်လာခဲ့ကြသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now