68

12.6K 2.1K 80
                                    

Unicode

"မင်း..မင်းဘယ်သူ့ကို အရှက်မရှိတဲ့ ခွေးလို့ လာခေါ်နေတာလဲ?"

ဝမ်ချန်းလန်က ဗလုံးဗထွေးမေးလာ၏။ သူ့ဗိုက်ထဲစူးခနဲ့အောင့်နေသည့် နာကျင်မှုဟာ မသက်သာသေးပေ။

"ဒါက အဘိုးအတွက်"

စုန့်ကျစ်ချိုး ဝင်မတားခင် ရှီယွင်နန်က လက်သီးကို တင်းတင်းဆုပ်ကာ ဝမ်ချန်းလန်အား ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။ "ဒီလက်သီးက ငါ့ဦးလေးအတွက်!"

- ဝုန်း~

နောက်တစ်ချက်-

"ဒါက ငါ့အစ်ကိုအတွက်!"

ဝမ်ချန်းလန်မှာ ဘာအင်အားမှမရှိကာ သူ့ပါးပြင်များနာကျင်သွားတော့သည်။ အကူညီတောင်းရန် သူ့သွားကြားထဲကနေ  "မား၊ မား..." ဆိုသည့် စကားကို မနည်းဖျစ်ညစ်ပြောနေရလေသည်။

ရုတ်တရက် စုန့်ကျစ်ချိုး အသိပြန်ဝင်လာ၏။ သူမမျက်လုံးများက တစ်ယောက်ယောက်ကို သတ်ပစ်တော့မယ့်အတိုင်း နီရဲနေလေသည်။ "ရှီယွင်နန်! နင်သူ့ကို ထပ်ထိရင် ငါနင့်ကို သတ်မယ်!"

သက်တော်စောင့်များထဲမှ တစ်ယောက်က ရှီယွင်နန်ဆီ အမြန်ပြေးသွားနေသည့် စုန့်ကျစ်ချိုးအား တားလိုက်သည်။ "ဒီကအမျိုးသမီး၊ မင်းအပြုအမူကို သတိထားပါ"

ထိုသို့ပြောပြီးနောက် သက်တော်စောင့်က စုန့်ကျစ်ချိုးအား ရှီယွင်နန်နဲ့ဝေးသွားအောင် နောက်ပြန်ဆွဲခေါ်သွားသည်။

"ငါ့ကိုလွှတ်စမ်း!"

စုန့်ကျစ်ချိုးက ထိတ်လန့်တကြီး အော်နေသည်။

ဝမ်ချန်းလန်နဲ့ ပတ်သတ်ရင် သူမဟာ သာမန်မိခင်တစ်ဦးရှိသင့်သည့် အသိစိတ်တွေ လုံးဝပျောက်ဆုံးသွား၏။

သက်တော်စောင့်များကတော့ လုံးဝမတုန်လှုပ်သွားပါ။ သူတို့ဘော့စ်များမှာ လော့လင်းရှန်းနှင့် ရှီယွင်နန်သာ ဖြစ်သည်။

ရှီယွင်နန်က ဝမ်ချန်းလန်နားသို့ လျှောက်သွားလိုက်ကာ သူ့ကော်လာအားဆွဲလိုက်သည်။ သူ သက်တော်စောင့်ကို အကြည့်နဲ့အချက်ပြလိုက်တော့ ဝမ်ချန်းလန်အား ချုပ်ထားသည့် သက်တော်စောင့်က သူ့အား ချက်ချင်းလွှတ်ပေးလိုက်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now