အခန်း (၃၀)

12.6K 466 264
                                    

"ဘယ်လိုလဲသား သားကလေးလေးနဲ့တွေ့ပီးပီဆို ဘယ်လိုခံစားရလဲ"

ရုတ်တရက်ရုံးခန်းထဲဝင်လာကာ ဆိုလိုက်တဲ့မာမီ့စကားကြောင့် သူအံ့အားသင့်သွားသည်။ ခြေလှမ်းသွက်လိုက်တာ မာမီရယ်။ သူတောင် ဘယ်သူ့မှမပြောဖြစ်ပါဘူး ဒါတောင် ဘယ်က ဘယ်လိုသိသွားလဲ စဥ်းစားမရမယ့်တူတူ ထွေထူး ဦးနှောက်အခြောက်ခံပီး စဥ်းစားမနေတော့။

"မာမီ့ကိုတော့ ဘာမှဖုံးကွယ်ထားလို့ကိုမရပါလား"

သူ့အလုပ်စားပွဲရှေ့က ဧည့်သည်တွေနဲ့တွေ့ဆုံတဲ့ ဆိုဖာမှာ မာမီဝင်ထိုင်လိုက်တော့ သူလဲ ချက်ချင်းပဲအလုပ်စားပွဲကထပီး မာမီ့နားသွားထိုင်လိုက်သည်။

"ဘာ ဖုံးကွယ်စရာ လိုလို့လဲသားရယ်....ကိုယ့်ကလေးကိုယ်တွေ့တာပဲ ဘာဖြစ်လဲ"

လောလောဆယ် ဘာပြောရမှန်းမသိလို့ သူ ခေါင်းပဲ ငြိမ့်ပြလိုက်သည်။

"ဘာသောက်မလဲမာမီ အပူ အအေး?"

"မသောက်တော့ဘူး သား....မာမီ ဒီဘက်ကဆိုင်ဘက်လှည့်လာတုံး မာမီ့သားကိုဝင်ကြည့်တာ"

"အော်....နေ့လည်စာစားပြီးမှ ပြန်ပါလား မာမီ တခုခုစီစဥ်ခိုင်းလိုက်မယ်လေ"

မာမီ့ကို ကလေးအကြောင်းပြောမှာစိုးလို့ သူအတင်းစကားလွှဲနေတာကို သိပုံရတဲ့မာမီက သူ့ကို ပြုံးကာစိုက်ကြည့်ပီး

"ပြောပါဦး ကလေးလေးနဲ့တွေ့တဲ့အကြောင်း မာမီက အဲ့တာကြားချင်လို့ လာခဲ့တာသားရေ"

သူကသာ ရှောင်လွှဲပြောနေတာ ခုလိုတည့်ပြောလိုက်တဲ့ မာမီနဲ့တော့ ငြင်းစရာမရှိတော့။

"ဟုတ် မာမီ.....သား ဟိုတပတ်က မြို့ထဲသွားရင်း မထင်မှတ်ပဲဆုံခဲ့တာပါ"

"ကလေးလေးက ချစ်စရာလေးသားရယ် ဟုတ်တယ်မလား တုတ်တုတ်ခဲခဲလေး သားငယ်ငယ်ကနဲ့တပုံစံထဲ"

မာမီ့စကားကြောင့် သူ အကောင်ပေါက်လေးကို တွေ့ခဲ့တာကို ပြန်ပုံဖော်စရာမလိုပဲ အကုန်လုံး ကွက်ကွက်ကွင်းကွင်းပြန်မြင်လာသည်။ အကောင်ပေါက်လေးရဲ့ အပြုအမူတွေ သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ လိုက်ကြည့်နေတဲ့ပုံတွေ သူ့ကို ရီပြ ပြုံးပြတာတွေကို သူ တပတ်လုံး စိတ်ထဲက ဖျောက်မရဘူးဆိုတာတော့ ဝန်ခံရပေလိမ့်မည်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now