69.1

12.2K 2.2K 48
                                    

Unicode

"-အားးး!"

ဝမ်ချန်းလန်၏ စိတ်မချမ်းမြေ့စရာကောင်းသည့်အသံမှာ မျက်နှာကျက်ကို ဖောက်ထွက်လုနီးပါးပင်။သူက ဆေးပစ္စည်းအစအနများဖြင့် ပြည့်နေသည့် ကြမ်းပြင်ပေါ်တွင် လဲကျနေပြီး သူ့မျက်နှာမှာ နီမြန်းနေရာကနေ ဖြူဖျော့သွားသည်။

သူဟာ စုန့်ကျစ်ချိုးဘက်သို့ မနည်းရုန်းကန်စွာ ကြည့်လိုက်ပြီး သူ့အမေရဲ့ အချစ်ကို ပြန်ရအောင် ကြိုးစားနေရှာသည်။ "မား၊ သားလက်... သားလက်..."

"သား တယောတီးချင်တုန်းပဲ..မား...မား ကယ်ပါအုံး..."

ဒီစကားတွေမှာ စုန့်ကျစ်ချိုးရဲ့ အေးစက်စက်နှလုံးသားကို ထိရှသွားလေသည်။

အမေတစ်ယောက်အနေနဲ့၊ သူမက ဝမ်ချန်းလန်ကို သု့နှလုံးသားထိပ်ပေါ်မှာတင်ထားပြီး သူ့အား နှစ်ဆယ့်ငါးနှစ်ကြာ အလိုလိုက်ခဲ့သည်။ ဒီလိုအခြေအနေမှာ သူမ ဘယ်လိုလုပ် လျစ်လျူရှုနိုင်ပါ့မလဲ? သူမနှလုံးသားလေးမှာ တဖန်ပြန်နူးညံ့သွားတော့သည်။

စုန့်ကျစ်ချိုးအသိစိတ်ပြန်ဝင်လာသည့်အခါ သူမနှလုံးခုန်သံတွေမြန်နေပြီး၊ သူမက ဝမ်ချန်းလန်အား ဆွဲထူရန် အမြဲပြေးသွားတော့သည်။

သူမက ဆေးရုံဝန်ထမ်းများကို အော်လာလေသည်။ "ဆေးရုံက ရှင်တို့ကို ဒီလိုပဲရပ်ကြည့်နေဖို့ ပိုက်ဆံပေးထားတာလား? ဒီမှာ ဒဏ်ရာရနေတဲ့သူကိုမတွေ့ဘူးလား? လာပြီး သူ့ဒဏ်ရာကို ကုပေးကြလေ !"

"ငါ့သားက တယောတီးတဲ့သူ၊ သူ့လက်က သူ့အသက်ပဲ။ ဘယ်လိုလုပ် ဒီလို အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို ထုတ်လာကြတာလဲ? ကုဖို့ အချိန်တွေဆွဲနေရန် ငါနင်တို့ ဆေးရုံကို တရားစွဲပစ်မယ်!"

လှည်းကို တွန်းလာသည့် သူနာပြုဆရာမမှာ ဒေါသထွက်သွား၏။

ဒီညှပ်တွေအားလုံးက ပိုးသတ်ထားသလို၊ ဘယ်သူကမှ လူကိုထိုးဖို့ ယူသုံးမှာ မဟုတ်ဘူးလေ။ ဒါက ဘယ်လိုလုပ် အန္တရာယ်ရှိတဲ့အရာ ဖြစ်မှာလဲ? သေချာပေါက် ရှင့်သားကသာ အရင်စလုပ်တဲ့သူလေ!

သူနာပြုဆရာမမှာ စိတ်ထဲကနေသာ တွေးနေမိပေမယ့် ထုတ်မပြောရဲတာကြောင့် အကူအညီတောင်းရန် အရေးပေါ်ခန်းတံခါးနားက ဆရာဝန်ဆီ လှမ်းကြည့်လိုက်သည်။ "ဒေါက်တာကျန်း၊ ဒါက..."

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now