အခန်း (၃၁)

12.6K 566 196
                                    

ဒီနေ့တော့ တာရာ့သားလေး ရက် ၁၀၀ ပြည့်မလို့ အကုန်လုံးဆုံကြသည်ပေါ့.....အလုပ်ပျက်မရတဲ့သူတွေကတော့ နဲနဲနောက်ကျမှ လာပေမယ့် တချို့ကတော့ မိုးလင်းထဲကရောက်နေကြသည်။ သူတို့ဘာသာသူတို့ ချက်ပြုတ်ကာ ချိုင့်ကြီးချိုင့်ငယ်များစွာနှင့်ထည့်လာပီး တာရာ့အိမ်မှာ ပျော်ပွဲလာစားကြသည်ပေါ့။ သိပ်လဲ ခင်မင်တဲ့သူတွေရှိတာမဟုတ်လို့ ဒီလူတွေပဲ အိမ်ကျဥ်းကျဥ်းလေးမှာ စုရုံးကြသည်။ ဒါတောင် လုံးလုံးက တာရာ့အိမ်ကြမှ မာလာရှမ်းကောစုပီးချက်စားရအောင်လုပ်နေလို့ မနဲပြောထားရသည်။ တာရာ့အိမ်လေးက ကလေးနဲ့တာရာ့အတွက်သာကျယ်တာ.....အဲ့လောက်တော့ လူအများကြီး ချက်ပြုစုရုံးရလောက်အောင်တော့မကျယ်တာမလို့ စားချင်လျှင် ဆိုင်ကမှာကျွေးပါမည် အိမ်တွင်တော့မချက်ပါရစေနဲ့ဟူ၍ အတော့်ကို တားယူထားရသည်။ တကယ်က မနက်ခင်းထဲက ဒေါ်ခင်မမက ဘုန်းကြီးကျောင်းဆွမ်းချိုင့်ပို့ပီးပီဆိုတော့ ခုနေ့လည်က လူကြီးတွေစုတဲ့ပွဲလို့ပင်ဆိုရပေမည်။ ရက် ၁၀၀ ကလေးက ဘာသိဦးမှာလဲ သူလဲ နို့သောက်ပီး အိပ်နေတာ လူကြီးတွေ စကားပြော ရယ်ပွဲကျနေတာပင်မနိုး။

"ရာရာ....တံခါးခေါက်သံကြားတယ် သွားကြည့်လိုက်ဦး"

"ဟင်....လာစရာလူတွေက အကုန်စုံပီလေ မမချမ်း ဘယ်သူလဲမသိဘူး"

"အင်း အဲ့ကြောင့်ပြောတာ သွားကြည့်လိုက်ဦး"

လာစရာဧည့်သည်လဲ ထွေထူးရှိတာမဟုတ်လို့ တာရာ ဘယ်သူများလဲဆိုတဲ့စိတ်နဲ့တံခါးသွားအဖွင့် တံခါးလက်ကိုင်ဘုကို မနှိပ်ခင်လေး ဒေါ်နန်းဒေဝီများ ဖြစ်နေမလား ဟုစိတ်က ထင်မိလိုက်သေးသည်။ သိပ်လဲ​တွေးတောချိန်မရပါ....တံခါးဖွင့်လိုက်တော့ သူမထင်မိလိုက်တဲ့အတိုင်းပဲ တံခါးပေါက်ရှေ့မှာ ပစ္စည်းတချို့ကိုင်ကာ မတ်တပ်ရပ်နေတဲ့ဒေါ်နန်းဒေဝီ သူမကို အပြုံးနဲ့ နုတ်ဆက်လေတော့.....ရုတ်တရက် အိမ်ထဲလဲ လူတရုန်းရုန်းနဲ့မလို့ ဘာလုပ်ရမှန်းမသိ။

"အန်တီဝင်လာလို့အဆင်ပြေရဲ့လား"

တံခါးပေါက်ရှေ့မှာ ချွတ်ထားတဲ့ ဖိနပ်တွေအရ အိမ်ထဲလူအနည်းငယ်များနေမည်ဆိုတာသိသောကြောင့် ဒေါ်နန်းဒေဝီ စကားအဖြစ်သာမေးလိုက်ရတာ....သူမမြေးနှင့်တော့ တွေ့ကိုတွေ့ရမှဖြစ်မည်ဆိုတဲ့ ဆုံးဖြတ်ချက်က လာထဲက ချပီးသား။ မွေးတုံးက ပျက်ကွက်ခဲ့တာနဲ့တင် မိမိကိုယ်ကိုယ်အပြစ်တင်မဆုံးမလို့ မွေးပီး မျက်စိအောက်တွင် အပျောက်မခံချင်လောက်အောင် သော့ခတ်သိမ်းထားချင်ပါသော်လည်း အခြေနေကမပေး။ ကလေးက တစတစနဲ့ကြီးလာလေလေ ပြည့်ပြည့်တစ်တစ်လေးနှင့် အသားလေးများဖြူဝင်းကြည်တောက်တာကအစ သားနဲ့တပုံစံထဲမလို့ အတော့်ကိုအချစ်ပိုခဲ့သည်။နေ့စဥ်နေ့တိုင်းလာတွေ့ချင်ပေမယ့် နာမည်ကြီး ရတနာဆိုင် ၃ ဆိုင်ကို လက်ရှိဦးစီးနေတဲ့သူမလို့ ထင်သလောက်အချိန်ကမရ။ ရတဲ့အချိန်တော့ ရသလို ပြေးပြေးလာတတ်သေးသည်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now