𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》

4.2K 674 0
                                    

My Cherry Will Explode in the Apocalypse

Chapter 61《 သူလိမ်နေတာ 》

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

Unicode

“ငါတို့က G မြို့ကို အရေးပေါ်တာ၀န်ထမ်းဆောင်ဖို့သွားနေတာ။ မင်းတို့ကိုခေါ်သွားဖို့အဆင်မပြေဘူး။ စစ်တပ်နယ်မြေတစ်ခုစီတိုင်းမှာ အသက်ရှင်ကျန်ရစ်သူအခြေစိုက်စခန်းတစ်ခုစီ တည်ထောင်ထားပြီးပြီ။ မင်းရဲ့ ဆွေမျိုးတွေက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အခြေစိုက်စခန်းဆီလိုက်သွားလောက်ပြီ။ တကယ်လို့ မင်းတို့သာ အခု တောင်ပိုင်းအခြေစိုက်စခန်းကိုတိုက်ရိုက်သွားမယ်ဆိုရင် တစ်ရက် သို့မဟုတ် နှစ်ရက်လောက်ပဲကြာလိမ့်မယ်။ အခြေစိုက်စခန်းကိုရောက်မှ မင်းရဲ့ဆွေမျိုးတွေကို ဖြေးဖြေးချင်းရှာလို့ရတယ်။”

လီမင်း၏ စကားများသည် သင့်လျော်ပေသည်။ ဤအသက်ရှင်ကျန်ရစ်သူများကို သူတို့ကိုယ်တိုင်သွားခွင့်ပြုလိုက်ရန် အန္တရာယ်များသော်လည်း G မြို့တွင် ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်တစ်ကောင်ရှိပြီး ၎င်းသည် ပိုအန္တရာယ်များပါတယ်။

“ကျွန်တော့်မိဘတွေက Gမြို့အစွန်ဖျားမှာနေကြတာ။ သူတို့က အသက်ကြီးနေကြပြီး၊ အားနည်း ရှက်ရွံ့နေကြတာ။ ကျွန်တော်သာသူတို့ကို သွားမခေါ်ရင် သူတို့ထွက်သွားလိမ့်မှာမဟုတ်ဘူး။ ”

ထိုလူ၀သည် သူတို့စကားကိုနားထောင်ရန် ငြင်းဆန်လာလေ၏။

“ဆရာ၊ ကျွန်တော့်ကို အရွယ်ရောက်လာတဲ့အထိ ပျိုးထောင်ပေးဖို့ မိဘတွေအတွက်မလွယ်ခဲ့ဘူး။ ကျွန်တော်သူတို့ကို မထားခဲ့နိုင်ဘူး။ ငါတို့ မင်းတို့နောက်ကိုလိုက်နေတာ မကြိုက်ရင် ငါတို့ဘာသာ ဆက်သွားမယ်။ ဘာပဲဖြစ်ဖြစ် လမ်းက ကောင်းကင်ကို မျက်နှာမူနေတာပဲ။ တစ်လမ်းတည်း ဒါမှမဟုတ် တစ်လမ်းစီ သွားကြရအောင်။ ဒါက အလုပ်ဖြစ်မယ်လို့ မင်းထင်လား? ”

“ဆက်သွားဖို့က အန္တရာယ်များတယ်။ ကျွန်တော်တို့ လမကြောင်းတစ်ခုလုပ်လိုက်မယ်။ ခင်ဗျားတို့က အကွာအဝေးတစ်ခုခြားပြီး ကျွန်တော်တို့နောက်ကလိုက်ခဲ့နိုင်တယ် ”

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now