Ch 31 to 35

466 57 0
                                    

Chapter 31 - မိတ်ဆွေဟောင်းနဲ့ ပြန်တွေ့ဆုံခြင်း

ယန်ချီက ဒီနေရာမှာ တံဆိပ်ပြားကို ရယူမှာကို မမျှော်လင့်ထားတာကြောင့် ဝန်ထမ်းက တိတ်တဆိတ် အံ့အားသင့်မိသွားခဲ့တယ်။

သိုင်းတပည့်အဆင့် သိုင်းပညာရှင်တွေသာ တံဆိပ်ပြားကို ရယူနိုင်စွမ်း ရှိတယ်လေ။
“ဟုတ်ကဲ့ပါ ကျေးဇူးပြုပြီး ကျွန်တော့် နောက်ကနေ လိုက်ခဲ့ပေးပါ”

ဒီအသက်အရွယ်လေးနဲ့ ယန်ချီကို သိုင်းတပည့်အဆင့် ရောက်တာကို မယုံကြည်ပေမယ့်လည်း လင်ဟိုင်အခြေစိုက်စခန်းမှာ သူတို့လူတွေ ရှိပါတယ်။

ယန်ချီနဲ့ စုရွှင်းအာတို့က ဝန်ထမ်းနောက်ကနေပြီး စွမ်းအားစမ်းသပ်တဲ့ ကိရိယာဆီကို လိုက်သွားခဲ့တယ်။

“ကျေးဇူးပြုပြီး ခင်ဗျားရဲ့ တိုက်ပွဲစွမ်းရည်ကို စမ်းသပ်ပေးပါ”

ဝန်ထမ်းက တရိုတသေပြောလိုက်တယ်။

ယန်ချီက စွမ်းအားစမ်းသပ်တဲ့ ကိရိယာဆီကို လျှောက်သွားခဲ့တယ်။

စုရွှင်းအာက ဟိုတနေ့တုန်းက ယန်ချီစမ်းသပ်ခဲ့တာ ဂျင် ၁၈၀၀၀ ရှိမှန်း သိပါတယ်။ ယန်ချီရဲ့ စွမ်းအားက မူလသိုင်းတပည့်အဆင့်နားကို ကပ်နေတယ်ဆိုတာ သိပါတယ်။

ယန်ချီက သူ့အရှေ့မှ စွမ်းအားစမ်းသပ်တဲ့ ကိရိယာကို ကြည့်လိုက်တယ်။ အဲ့ဒီနောက် သူ့လက်သီးကို ပြင်လိုက်ပြီး အသက်ပြင်းပြင်းရှုသွင်းလိုက်ကာ ထိုးလိုက်ပါတယ်။

“ဘန်း”

သူ့လက်သီးက စွမ်းအားစမ်းသပ်တဲ့ ကိရိယာပေါ်ကို ပြင်းထန်စွာ ကျရောက်သွားခဲ့တယ်။ စွမ်းအားစမ်းသပ်တဲ့ ကိရိယာရဲ့ မျက်နှာပြင်မှာတော့ ယန်ချီရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပြသနေခဲ့တယ်။

“တိုက်ခိုက်ရေးစွမ်းအား ဂျင် ၂၀၀၀၀”

“ဘာလဲဟ”

စုရွှင်းအာနဲ့ ဝန်ထမ်းတို့နှစ်ယောက်လုံး အံံအားသင့်သွားကြတယ်။

“တိုက်ခိုက်ရေးစွမ်းအား ဂျင် ၂၀၀၀၀ ပါလား”

ဒီလို စွမ်းရည်က မူလသိုင်းဆရာအဆင့်တစ်ယောက်ရဲ့ စွမ်းအားလေ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now