70

14K 2.3K 50
                                    

Unicode

လူအိုကြီးဝမ်မှာ သတိပြန်လည်လာမည့် လက္ခဏာ မပြသေးတာကြောင့် အထူးကြပ်မတ်ဆောင်ကနေ မပြောင်းလာနိုင်သေးပေ။

သို့သော်လည်း ရှီယွင်နန်၊ ဝမ်ရိပေနှင့် ဝမ်ယန်ဖုန်းတို့က အရေးပေါ်အခြေအနေတွင် အချိန်ပြည့်လူရှိနေရန် အခန်းရှေ့တွင် တစ်လှည့်စီ စောင့်လေ့ရှိကြသည်။

ရှီယွင်နန် သူ့ရဲ့ နာရီဝက်လူတွေ့ချိန်ပြီးမှာတော့ အထူးကြပ်မတ်ဆောင်အခန်းကနေ ထွက်လာလိုက်သည်။

အခန်းအပြင်ဘက်မှာရှိနေတဲ့ ဝမ်ရိပေက အသံတိုးတိုးတိုးလေးနဲ့ မေးလာလေသည်။

"အဘိုးအခြေအနေ?"

ရှီယွင်နန် ခေါင်းခါပြလိုက်၏။

"ကျွန်တော် ခေါ်ကြည့်ပေမယ့် ပြန်မတုံ့ပြန်သေးဘူး"

ဝမ်ရိပေမျက်ခုံးများမှာ ခဏမျက်မှောင်ကြုတ်သွားပြီးနောက် ပြန်ပြေလျော့သွားသည်။ သူက သူ့ညီလေးပုခုံးလေးကို ပုတ်လိုက်ကာ နှစ်သိမ့်ပေးလိုက်ငည်။ "အဆင်ပြေပါတယ်၊ ဘာထွေထွေထူးထူးမရှိတာကလည်း သတင်းကောင်းပဲလေ။"

နဂိုကတည်းက လူအိုကြီးဝမ်ရဲ့ ခန္ဓာကိုယ်အခြေအနေမှာ အရင်ကလောက်မကောင်းတော့။ ဝမ်ချန်းလန်ခေါ်သွားတဲ့ ငရဲတံခါးကနေ သူ့ကိုပြန်ဆွဲထုတ်လာနိုင်တာကတင် ကံကောင်းနေလေပြီ။

ညီအစ်ကိုနှစ်ယောက်မှာ အထူးကြပ်မတ်ဆောင်နားက ထိုင်ခုံတန်းများပေါ်တွင် ထိုင်နေလိုက်ကြသည်။

လူယုတ်မာ ဝမ်ချန်းလန်အကြောင်းတွေးမိရင်း ရှီယွင်နန် အံကြိတ်လျက် မေးလိုက်သည်။ "ကော ကောရဲ့ ရှေ့နေ သူငယ်ချင်းက ဘာပြောသေးလဲ? ဒီတစ်ခေါက် ဝမ်ချန်းလန် ထောင်ကျနိုင်တယ်မလား?"

ဝမ်ရိပေက ဒီရက်ပိုင်း သူ့ရှေ့နေ့ သူငယ်ချင်းနှင့် ဆက်တိုက် အဆက်အသွယ်ရှိနေခဲ့သည်။  "လူသတ်ဖို့ကြိုးစားပေမယ့် ဒဏ်ရာပဲရသွားတာဆိုတော့  အစက သုံးနှစ်အထက် ဆယ်နှစ်အောက်လောက် စီရင်ချက်ချထားတာ။ ဒါမယ့် စုန့်ကျစ်ချိုးကလည်း ရှေ့နေငှါးထားတာဆိုတော့ အပြီးသတ်ဖြေရှင်းလို့မရသေးဘူး။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now