Chapter 25 - Unicode

5.7K 494 31
                                    

"မင်းသန့်"

နောက်နေ့လည်းထပ်ရောက်လာပြန်သည့် သူငယ်ချင်းနှစ်ယောက်ကြောင့် သျှင်မင်းသန့် ဆေးထုပ်ကလေးကိုင်ကာ အံ့ဩရသည်။

"ဘာလာလုပ်တာလဲ"

"အပြင်ခဏလိုက်ခဲ့၊ နင့်ကြည့်ရတာ ညှင်းသိုးနေပြီ"

ဟုတ်သည်။ အဘိုးဖြစ်သူ၏ ဝေယျာဝစ္စတွေလုပ်ပေးရင်း သျှင်မင်းသန့် ကိုယ့်ကိုကိုယ်ကိုတော့ဖြစ်သလိုနေနေတာမို့ ဒီအတောအတွင်း စုတ်စုတ်ပြတ်ပြတ်ကလေးဖြစ်နေ၏။

"တော်ပါပြီ ငါမရှိရင် ဖိုးဖိုးတစ်ယောက်တည်း"

"ရပါတယ် ငါ့မြေးရဲ့ လိုက်သွားပါ"

"တော်ပါပြီ ဖိုးဖိုးရယ်"

သျှင်မင်းသန့်ကပြောရင်းဆိုရင်း ရေစိုတဘက်နှင့် ဦးမင်းထက်လက်တွေကိုသုတ်ပေးနေသည်။ ဆေးထိုးအပ်ရာတွေပရပွဖြစ်နေသည့်လက်ကို သေချာသန့်ရှင်းပေးနေမိ၏။

"ဒီလိုလုပ် ငါနေခဲ့လိုက်မယ်၊ ဟေမာန်ဦး မင်းသန့်ကိုခေါ်သွား"

"တော်ပါပြီဟာ အပြင်ထွက်ချင်စိတ်လည်းမရှိပါဘူး"

"မုန့်လေးစားရုံတင်ပါ၊ နင်ပါရောဂါဖြစ်နေမယ်"

ထိုစဉ် မြင့်မြတ်ပိုင်နောင်က ‌လူနာခန်းထဲကိုဝင်လာသည်။ ရှပ်အင်္ကျီအဖြူလက်ရှည်ပေါ်တွင် သိုးမွေး Vest နက်ပြာရောင်ကိုထပ်ဝတ်ထားပြီး Pants အနက်ရောင်နှင့်ဝတ်ထားသည်။

ဆံပင်တွေခပ်စိုစိုဖြစ်နေပြီး နဖူးပေါ်ကို ဝဲကျနေပုံအရ ခေါင်းလျှော်ရေချိုးလာခဲ့ပုံပင်။ လက်တစ်ဖက်က အနွေးထည်အင်္ကျီကို ကိုင်ထားပြီး သျှင်မင်းသန့်အနားကိုလာသည်။

"ချာတိတ် ရေပြန်ချိုးရင်ချိုးလေ ကိုယ်လိုက်ပို့မယ်"

လူနာခန်းက သန့်စင်ခန်းပါသော်လည်း ရေချိုးလို့မရတာမို့ သျှင်မင်းသန့်က အိမ်ပြန်ရေချိုးရလေ့ရှိသည်။

"ဒီနေ့မချိုးတော့ဘူးလားလို့ ချမ်းတယ် မနေ့ကလည်း ချိုးထားတာပဲ ဟီး"

"ညစ်ပတ်အိုးလေး"

မြင့်မြတ်ပိုင်နောင် သျှင်မင်းသန့်ခေါင်းကို ခပ်ဖွဖွပုတ်ရင်းပြောလိုက်မိသည်။

HONEYWhere stories live. Discover now