71.1

12.2K 2K 33
                                    

Unicode

ရှီယွင်နန်မှာ တစ်သက်လုံးဆိုတဲ့ စကားလေးကြောင့် မှင်သက်သွားပြီး လော့လင်းရှန်းအား မော့ကြည့်လိုက်မိ၏။ သူဟာ ရယ်လိုက်ပြီး သူ့ယောကျ်ားရဲ့ ဆက်စီကျတဲ့ လည်စလုတ်လေးအား နမ်းလိုက်သည်။

"လော့လင်းရှန်း"

"အမ်?"

"...လောင်ကုန်း"

ရှီယွင်နန် တိုးတိုးလေးရေရွတ်နေပြီးနောက် သူ့လက်လေးက လော့လင်းရှန်းလည်စလုတ်လေးအား ခပ်ကြမ်းကြမ် ပွတ်သပ်နေ၏။

ကြောင်ကုတ်ခံရသလိုမျိုး စပ်ဖျဉ်းဖျဉ်းခံစားလိုက်ရတာကြောင့်

လော့လင်းရှန်းဆီကနေ မသေချာမရေရာတဲ့ ညည်းသံလေးထွက်လာပြီး သူ့လည်စလုတ်လေးမှာ နီရဲလာသည်အထိ ပွတ်သပ်ခံနေရသည်။ "ပြဿနာ ရှာနေတာလား?"

ရှီယွင်နန်က ပြန်မဖြေ။ သူ့ခန္ဓာကိုယ်လေးက အလိုအလျောက် လော့လင်းရှန်း ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး တစ်ဖက်လူရဲ့ အသက်ရှူသံများက သူ့အား
လုံးဝဥဿုံ လွှမ်းခြုံခွင့် ပေးထားသည်။

အမှန်တော့ လော့လင်းရှန်း ခွဲစိတ်ဖို့ နိုင်ငံခြားသွားပြီး ဆေးရုံတက်ရကတည်းက သူတို့နှစ်ယောက်မှာ ပူးပူးကပ်ကပ် ထိတွေ့မှုတွေကို ထိန်းချုပ်ထားခဲ့ရလေသည်။

ရှီယွင်နန်မှာ လော့လင်းရှန်း၏ မျက်နှာချောချောလေးကို စိုက်ကြည့်ရင်း ပေါ်မလာတာကြာပြီဖြစ်တဲ့ ခပ်ဆိုးဆိုးအတွေး​လေးဟာ ရုတ်တရက်ပေါ်ချလာသည်။

သူဟာ လော့လင်းရှန်း နှုတ်ခမ်းလေးကို ဖိကပ်လိုက်ပြီး ဗလုံးဗထွေး ညည်းတွားနေ၏။ သူ့ပုံစံလေးမှာ တကယ့်ကို ချစ်စရာ ကောင်းလှသည်ပင်။

လော့လင်းရှန်း တိုးတိုးလေးရယ်လိုက်ပြီး ပို ခပ်ကြမ်းကြမ်းနမ်းလိုက်၏။ ရှေ့တိုးနောက်ဆုတ် အထိအတွေ့တွေဟာ သူ့ချစ်သူ၏ ဆင်ခြေတုံတရားကို ဆွဲထုတ်သွားတော့သည်။

......

မိနစ်များစွာ ကုန်ဆုံးသွားလေပြီ။

တဖြေးဖြေး ပင်ပန်းနွယ်လျ လာမှသာ ရှီယွင်နန်တစ်ယောက် အရှိန်ကနေ ပြန်လွတ်မြောက်လာသည်။  သူက လော့လင်းရှန်း ရင်ခွင်ထဲတွင် ငြိမ်သက်စွာလှဲလျောင်းနေပြီး သူ့ချစ်သူ၏ လက်ဖဝါးလေးကို လိုက်စမ်းနေ၏။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now