72.1

11.9K 2K 33
                                    

Unicode

စုန့်ကျစ်ချိုး မလိုက်ချင်ရင်တောင် ခိုင်လုံတဲ့ သက်သေအထောက်အထားတွေအရ သူမမှာ အစည်းဝေးခန်းထဲကနေ ရဲအရာရှိတွေနောက်သို့ လိုက်သွားလိုက်ရသည်။

သူမထွက်လာသည်နှင့် တပြိုင်နက် တိတ်တိတ်လေးဖရဲသီးစားနေတဲ့ ဝန်ထမ်းတွေက သူ့ကို ကြည့်လာပြီး မရေတွက်နိုင်သည့် စကားအချို့ကိုလည်း ကြားလိုက်ရလေသည်—

"ဥက္ကဋ္ဌကို ဘာလို့ ဖမ်းသွားတာလဲ? ငါတို့ကုမ္ပဏီ တစ်ခုခုဖြစ်တော့မှာလား?"

"သတင်းမကြားရသေးဘူးလား? သူက တရားဝင်တံဆိပ်သုံးပြီး ကုမ္ပဏီရန်ပုံငွေတွေကို အလွဲသုံးစားလုပ် ခဲ့တယ်လေ။ ထောင်ကထွက်လာဖို့ဆို သုံးနှစ်လောက်တောင် ကြာအုံးမှာတဲ့။"

"အဲ့ဒါက ဝမ်ချန်းလန်လုပ်တာ မဟုတ်ဘူးလား?"

"အလိုလိုက်တဲ့ အမေနဲ့ သုံးစားမရတဲ့ သားက မတူဘဲနေပါ့မလား? ဝမ်ချန်းလန် ဒီလိုကြီးပြင်းလာတာက ဥက္ကဌရဲ့ သဘောထားတွေနဲ့ တစ်ခုခုပတ်သတ်မှုရှိရမှာပေါ့"

"ဟုတ်ပါပြီ မပြောနဲ့တော့"

အမြဲတမ်းသန်မာနေခဲ့သည့် စုန့်ကျစ်ချိုးမှာ ထိုစကားသံတွေကြောင့် ပထမဆုံးအကြိမ်အဖြစ် ထိုဝန်ထမ်းများအား လှည့်တောင်မကြည့်ဝံ့ပေ။

သူမဟာ ကြမ်းပြင်ကိုပဲ စိုက်ကြည့်ရင်း၊ ဒီနှစ်များအတွင်း ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို ပြန်မြင်ယောင်နေကာ လူသေတစ်ယောက်ကဲ့သို့ ရဲအရာရှိများနောက်က လိုက်လာ၏။

ဝမ်ရိိပေ ဝမ်အိမ်တော်ကို ပထမဆုံးရောက်လာတုန်းက ဝမ်ချန်းလန်ဟာ သဘောထားသေးသိမ်တာကြောင့် ဒေါသထွက်ပြီး တစ်ဖက်လူရဲ့ခေါင်းကို ရိုက်ခဲ့တယ်။ အဲ့တုန်းက သူမဝမ်ချန်းလန်ကိုဘာပြောခဲ့လဲ- 'ဘာမှမဖြစ်ဘူး၊ သားကသာ ဒီအိမ်တော်မှာ အရေးပါဆုံးသခင်လေးပဲ။'

ဝမ်ချန်းလန် မူကြိုတက်တော့ ရန်ဖြစ်လို့ သူအတန်းဖော်ဒဏ်ရာတွေအများကြီးရပြီး ဆေးဖိုးတွေပေးခဲ့ရတယ်။ ဒါပေမယ့် သူမဘာပြောခဲ့လဲ- 'ကိစ္စမရှိဘူး၊ သား မတော်တဆလုပ်မိသွားတာ၊ တစ်ဖက်က ကလေးလဲ မှားတာပဲ။'

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now