15

11.4K 806 55
                                    

Unicode Version

ဒေါ်ကျန်းမေ ဒီနေ့မနက်စောစောအိမ်သို့ပြန်လာခဲ့သည်။
ညနေကတည်းက ရှောင်းကျန့်ကို သူသေချာမှာလိုက်
ပြီးသားမို့ ယတြာကတော့အောင်မှာ
သေချာသလောက်ပင်။ ဒါပေမဲ့လည်း အကျိုးအကြောင်း
သိချင်တာမို့ သေချာအောင်တော့မေးရဉီးမည်။
အိမ်ရောက်ရင်တော့ သူ့တူရဲ့ဒေါပွနေတဲ့မျက်နှာကြီး
မြင်ရဉီးမယ်ထင်ပါ့။

အိမ်ရောက်တာနဲ့အခန်းတံခါးဖွင့်ကြည့်လိုက်တော့
ဂျက်ချထားသည်မို့ ဒေါ်ကျန်းမေကြိတ်ပြုံးရင်း
ပါးစပ်ကလည်း 'ယတြာအောင်ပြီ 'ခပ်တိုးတိုးလေး
ရေရွတ်လိုက်သည်။

"ဒေါက်! ဒေါက်! ဒေါက်! "

ထို့နောက် တံခါးကိုသုံးချက်ခေါက်လိုက်သည်။
ညကဘယ်လိုယတြာဘယ်လိုအောင်သွားလဲ
ဆိုတဲ့အကြောင်းကိုသေချာမေးရဉီးမည်။

"ကျွီ "

"ဘယ်လိုလဲ အခြေ..."

"ဝှား...စောစောစီးစီးဘာလို့တံခါးလာခေါက်တာလဲ
ကြီးမေရာ အိပ်ကောင်းနေတာကို "

ဒေါ်ကျန်းမေ အခြေအနေမေးဖို့ပြင်လိုက်ပေမဲ့
အခန်းထဲကအိပ်ချင်မူးတူးနဲ့ထွက်လာတာ သူ့တူရိပေါ်
ဖြစ်နေသည်။

"ဟဲ့...ရှောင်းကျန့်ရော "

"ဟိုမှာအိပ်နေတယ်လေဗျာ "

အခန်းထဲကိုတစ်ချက်ကြည့်လိုက်တော့ ယတြာချေမဲ့
တစ်ယောက်က ကုတင်ပေါ်မှာကွေးကွေးလေးအိပ်လို့။

"အော် ဒါကြီးမေအခန်းဘဲ။ ခနလေးနေဉီး "

ကုတင်ပေါ်မှာ အိပ်နေတဲ့ရှောင်းကျန့်ကို
ပွေ့ချီပြီး သူ့အခန်းပြန်ခေါ်သွားတဲ့ရိပေါ်ကို
ဒေါ်ကျန်းမေ ကြောင်ပြီးသာကြည့်နေရသည်။
သူ့တူလက်ပေါ်မှာပါသွားတဲ့ ရှောင်းကျန့်ကို
ကြည့်လိုက်တော့လဲ ယတြာချေမှာသူမဟုတ်သလို
ဖက်အိပ်ရင်းပါသွားလေသည်။
.
.
.
.
.
.

"မှန်လိုက်တဲ့ နတ်ဆရာမ "

ညကဖြစ်ပျက်ခဲ့သမျှတွေကိုအထည်ဆိုင်အရောက်
ဖောက်သည်ပြန်ချပြီးတဲ့အခါမှာတော့
အမကျိရွှမ်းရဲ့ ဝမ်းသာတကြီးပြောသံကထွက်ပေါ်လာသည်။

My very bad husband  belong to meWhere stories live. Discover now