𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》

4.3K 672 3
                                    

My Cherry Will Explode in the Apocalypse

Chapter 63《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

Unicode

လုယန်သည် Nမြို့ဇာတိဖြစ်သည်။ ကမ္ဘာကြီးအဆုံးမသတ်မီက သူ့မိသားစုသည် ကုန်စုံဆိုင်တစ်ခုဖွင့်လှစ်ထားခဲ့သည်။ သူ့တွင် အလိုလိုက်သည့်ဖခင်တစ်ယောက်ရှိ၍ မိသားစုအခြေအနေများသည် အလွန်ကောင်းမွန်လှသည်မဟုတ်ချေ။ သို့သော်လည်း လုယန်သည် အစားအသောက်နှင့်အဝတ်အစားလိုအပ်သည်မရှိခဲ့ချေ။ သူတို့သည်အသက် 40 နီးပါးရှိပြီး မိန်းကလေးတစ်ဦးနှင့် လက်မထပ်နိုင်သည့် ဖက်တီးကို ပညုစုပျိုးထောင်ခဲ့ကြသညါ။ ကမ္ဘာကြီးပျက်သည့်အချိန်ရောက်လာသောအခါ သူသည် ဖုတ်ကောင်အဖြစ်ပြောင်းလဲသွားသည့် ဖခင်ဖြစ်သူ၏ အကိုက်ခံခဲ့ရသည်။

သို့သော်လည်း သူ့အဖေသည် အသက်ကြီးပြီး သွားများအကုန်ဆုံးရှုံးသွားပြီဖြစ်၍ သွားမရှိဘဲ ကိုက်မိခြင်းကြောင့် အရေပြားနည်းနည်းသာပဲ့သွားလေသည်။ လုယန်သည် ဤကံဆိုးမှုနှင့် ကံကြမ္မာကြောင့် သူ့အစွမ်းကို ရရှိခဲ့ပါသည်။ သူသည် ကြီးမားသည့် သန်မာမှုခွန်အားကိုရရှိခဲ့လေသည်။ အစွမ်းထက်သည့် ဖုတ်ကောင်တစ်ကောင် (သို့မဟုတ်) နှစ်ကောင်ကို ကိုင်တွယ်ရခြင်းသည် ဖရဲသီးကို ခွဲပြီး အသီးအရွက်များ လှီးဖြတ်ရသလောက်လွယ်ကူခဲ့လေသည်။ လူတစ်ကိုယ်လုံးသည် လျင်မြန်စွာ တိုးတက်ဖွံ့ထွားလာခဲ့သည်။ သူ သည် ညီငယ်တစ်စုကို စုစည်းပြီး ရိက္ခာပစ္စည်းများကို စုဆောင်းပြီး သူ့ကုန်စုံဆိုင်၏ စာရင်းကို ထိန်းသိမ်းထားလိုက်သည်။ ရပ်ရွာထဲတွင် တောင်ပေါ်ဘုရင် တစ်ယောက်ဖြစ်ရသည်နှင့် ခပ်ဆင်ဆင်တူလေသည်။

အဆုံးသတ်သည် သာမန်လူများအတွက် ကမ္ဘာ၏အဆုံးသတ်ဖြစ်နိုင်သော်လည်း Lu Yang အတွက် ၎င်းသည် သူ့ဘဝ၏အစသစ်တစ်ခုပင်ဖြစ်ပေသည်။ ယခုတွင် သူသည် လေနှင့်မိုးကို ထိန်းချုပ်ချင်နေပြီဖြစ်သည်။ ယခု သူ့တွင် စွမ်းရည်ရှိပြီး လူများ၏မျက်နှာကိုကြည့်ရန် မလိုအပ်တော့ပေ။ ကမ္ဘာကြီးအဆုံးမသတ်ခင်က သူ့အားအကူအညီမတောင်းခဲ့ဖူးသည့် ချောမောလှပသည့်အမျိုးသမီးများကလည်း သူ့အပေါ် တွယ်ကပ်နေခဲ့ကြသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now