Ch 51 to 55

402 49 0
                                    


Chapter 51 - မူလနတ်ဆိုးဘုရင်အဆင့်

“ဒါက ဘယ်လို ဓါးအလင်းမျိုးပါလိမ့်…”

မူလနတ်ဆိုးစစ်သည်တွေအားလုံက ဓါးအလင်းထွက်ပေါ်လာတာကို မြင်တဲ့အခါ သူတိုရဲ့ မျက်နှာတွေက ကြောက်ရွံ့မှုကြောင့် ဖြူလျော့သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဓါးအလင်းရဲ့ အမြန်နှုန်းက အလွန်မြန်ဆန်လွန်းတာကြောင့် သူတို့အားလုံး မရှောင်တိမ်းနိုင်ခဲ့ပါဘူး။

“အား. . . . ”

အဲ့ဒီမူလနတ်ဆိုးစစ်သည်တွေက ဦးရေပြားထုံအောင် အော်ဟစ်လိုက်ကြတယ်။

“မူလနတ်ဆိုးစစ်သည် ငါးဆယ်ကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် + ၁၅၀၀၀”

ဆေဘာဓါးပိုင်းချက်တစ်ချက်က ပိုင်းချက် တစ်ချက်ဆိုရင်ဆိုသလောက်ကို သိသာပါတယ်။

မူလနတ်ဆိုးစစ်သည် ငါးဆယ်ကျော်က နေရာမှာတင် ချက်ချင်းသေဆုံးသွားခဲ့ပါတယ်။

ဒါက အနီရောင်မီးတောက်နွားသိုး ဆေဘာဓါးရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ဓါးအလင်းက ကြမ်းတဲ့အကောင်နှစ်ဆယ်လောက်ကို ပိုင်းဖြတ်နိုင်ပါတယ်။

စစ်သည်ရာကျော်နဲ့ ကျန်နေတဲ့ မူလနတ်ဆိုးစစ်သည်တွေအားလုံးက အံ့သြမှင်သက်နေခဲ့ကြပါတယ်။ သူတို့အားလုံးက အံ့သြမှုကြောင့် လျှာကိုက်မိလိုက်ကြပါတယ်။

“ဘယ်သူလဲ။ ဘယ်သူက ဒီဓါးအလင်းကို ထုတ်လိုက်တာလဲ”

မူလနတ်ဆိုးစစ်သည်တစ်ယောက်က ထိတ်လန့်စွာ အော်ဟစ်မိလိုက်တယ်။

လူငယ်တစ်ဦး သူတို့ဆီကို ဖြေးညှင်းစွာ လျှောက်လာတာကို မြင်လိုက်ရပါတယ်။

အဲ့ဒီလူငယ်လေးက အသက် ဆယ့်ခုနှစ် ဒါမှမဟုတ် ဆယ့်ရှစ်နှစ်လောက်သာ ရှိပြီး သူ့ပုခုံးပေါ်မှာ အနီရောက်ဓါးတစ်ချောင်းကို ထမ်းလာခဲ့ပါတယ်။

ကြက်သွေးနီရောင် ဓါးဆီကနေ အေးစက်စက် ကြက်သွေးရောင် အလင်းကို မှိန်ပြပြ ထုတ်လွှတ်နေပြီး မြင်ရတဲ့ လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်မှုတွေကို ခံစားနေခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now