Ch 56 to 60

386 43 0
                                    


Chapter 56 - ချိုစွေတစ္ဆေငိုညည်းသံဓါး

“ပိုင်ရှင် ယန်ချီ”

“ကျင့်စဉ်အဆင့် မူလဆရာသခင် အဆင့်”

“လက်နက် အနီရောင်မီးတောက် နွားသိုးဆေဘာဓါး(ချိုစွေတစ္ဆေငိုညည်းသံဓါးအဖြစ် အဆင့်မြင့်တင်ဖို့ ဓါးဆွဲမှတ် တစ်သန်း လိုအပ်ပါမယ်)”

“ခန္ဓာကိုယ်ဖွဲ့စည်းပုံ စိတ်ဝိဉာဉ်ခန္ဓာကိုယ် ( ဖန်ရွှေခန္ဓာကိုယ်အဖြစ်အဆင့်မြင့်တင်ဖို့ ဓါးဆွဲထုတ်မှတ် ငါးသန်း လိုအပ်ပါမယ်)”

“ကျင့်စဉ်နည်းစနစ်- သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဓါးသန်းပေါင်းများစွာဆွဲထုတ်ခြင်း နည်းစနစ်၊ ဓါးဆွဲထုတ်ခြင်းနည်းစနစ်၊ အထူးဓါးပိုင်းဖြတ်ခြင်းနည်းစနစ်( ဓါးဆွဲထုတ်မှုအမြန်နှုန်း အဆတစ်ထောင် ပိုပြီး မြန်ဆန်စေနိုင်ဖို့ ဓါးဆွဲထုတ်မှတ် ငါးသန်း လိုအပ်ပါမယ်)”

“သိုင်းနည်းစနစ်- ဓါးဆွဲထုတ်ခြင်း နည်းစနစ်၊ မိုးကြိုးနဂါးဓါးတိုက်ကွက်၊ လှိုင်းများကို ချိုးဖြတ်တဲ့ ဓါးဆယ်ချောင်းနည်းစနစ်၊ နတ်ဆိုးဝံပုလွေရဲ့အရိပ်လက်သီးနည်းစနစ်”

“ဓါးဆွဲထုတ်မှတ် - ၁,၀၁၀,၀၀၀”

သူက အနီရောင်မီးတောက်နွားသိုးဆေဘာဓါးကို ချိုစွေတစ္ဆေငိုညည်းသံဓါးအဖြစ် အဆင့်မြင့်တင်ခဲ့ပါတယ်။

“ဒင် အနီရောင်မီးတောက် နွားသိုးဆေဘာဓါးကို ချိုစွေတစ္ဆေငိုညည်းသံအဖြစ် အဆင့်မြင့်တင်ဖို့ ဓါးဆွဲထုတ်မှတ် တစ်သန်းကုန်ကျပါမယ်။ အဆင့်မြှင့်တင်ချင်ပါသလား”

“အဆင့်မြှင့်တင်ခြင်း”

“အနီရောင်မီးတောက်နွားသိုးဆေဘာဓါးကို ချိုစွေတစ္ဆေငိုညည်းသံဓါးအဖြစ် အဆင့်မြင့်တင်ပြီးစီးပါပြီ”

ယန်ချီက သူ့လက်ထဲက ချိုစွေတစ္ဆေငိုညည်းသံဓါးကို ကြည့်လိုက်ပါတယ်။

ချိုစွေတစ္ဆေငိုညည်းသံဓါးမှာ ရေမှုန်အလွှာလေး ဖုံးလွှမ်းနေပြီး ကြည့်ရတာ မြင်ယောင်မြင်မှားသလို ဖြစ်နေခဲ့ပါတယ်။

သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းကြည့်လိုက်ပါတယ်။

အငြိုးတကြီးနဲ့ ဝိဉာဉ်တစ်ကောင်ရဲ့ ငိုညည်းသံကို ကြားခဲ့ရပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now