အခန်း(၅၄၀)
သက်သေတစ်ပိုင်း ရရှိခြင်း။
သခင်မ Lianxin မှာ ဖုံးကွယ်ထားသော အဓိက ကတ်အား ပြသလာသဖြင့် ယခုတွင် သူမက အလျော့ပေးတော့မည် မဟုတ်ပေ။ သို့တိုင် Han Yunxi နှင့် Long Feiye တို့မှာ နောက်ဆုံးမှ မူမျိုးနွယ်၏ ခြေထောက်အား ချိုးဖြတ်နိုင်သဖြင့် နှစ်ယောက်လုံးမှာ နောက်မဆုတ်လိုကြပေ။
“ပြီးတော့ ကျွန်မတို့က Mu Linger ကိုလည်း ကယ်ရဦးမယ်။ ဒါက နည်းနည်း ရှုပ်တယ်။" Han Yunxi မှာ မျက်ခုံး ကျုံ့လိုက်သည်။ Mu Linger မှာ အလယ်တွင် ညှပ်နေသဖြင့် ကိစ္စများမှာ ဒုက္ခများလှသည်။
Gu Qishao မှာ မထိမဲ့မြင်ဖြင့် ရယ်မောကာ မတ်တပ်ရပ်လိုက်သည်။ “စောင့်နေ.. ဒီအဘိုးကြီးက သခင်မ Lianxin နဲ့ စကားသွားပြောလိုက်ဦးမယ်။”
Gu Qishao မှာ သခင်မ Lianxin နှင့် မည်သို့သော စကားမျိုးပြောရန် စိတ်ကူးနေမှန်း Han Yunxi မှာ ကောင်းစွာ စိတ်ကူးကြည့်နိုင်သည်။ သံသယရှိစရာမလိုပဲ သူက ဆေးပညာသင်တန်းကျောင်းမှ သူမ၏ ဆက်ဆံရေးများဖြင့် နှိုးဆော်မလို့ပင်။ သူမက သူ့အား တားဆီးရန် ပြင်လိုက်စဥ် Long Feiye မှာ ရုတ်တရက် ခြေထိုးခံလိုက်သဖြင့် Gu Qishao မှာ လဲကျလုနီးပါး ဖြစ်သွားတော့သည်။ “ခြေဗလာနဲ့ လူတွေက ဖိနပ်စီးထားတဲ့ သူတွေထက် ပိုကြောက်စရာကောင်းတယ်ဆိုတာ မမေ့နဲ့။"
မူမျိုးနွယ်မှာ ပြန်လှည့်၍မရသော အခြေအနေ ရောက်နေပြီ ဖြစ်သည်။ သခင်မ Lianxin မှာ တိုက်ခိုက်ရန်အရာအားလုံး စွန့်လွှတ်ကာ သူတို့အား ရှာဖွေလာခြင်းသာ ဖြစ်သည်။ ကိစ္စများအား အလွန်အကျူး ဖိအားပေးလိုက်လျှင် အကယ်၍ သူတို့က သူမအား ထပ်မံ၍ ဖိအားပေးလိုက်လျှင် သခင်မ Lianxin မှာ Han Yunxi ၏ သရုပ်မှန်အား ဖော်ထုတ်ရန် ရွေးချယ်သွားနိုင်သည်။ ထိုသို့ဖြစ်လာလျှင် နှစ်ဖက်လုံးမှ အကျိုးဆက်အား ခံစားရလိမ့်မည်။ သတင်းပျံ့သွားသည်နှင့် Han Yunxi ၏ ဖခင်မှာ အဆိပ်ဂိုဏ်းမှဆိုလျှင် သူမအတွက် ဒုက္ခများ အဆုံးသတ်တော့မည် မဟုတ်ပေ။
“Long Feiye တကယ်လို့ ဝမ်မျိုးနွယ်ခေါင်းဆောင်က ကြားနာမှုကို ရက်နည်းနည်းလောက် နောက်ဆုတ်ပေးရင် ဘယ်လိုလဲ။” Han Yunxi မှ မေးမြန်းလိုက်သည်။ သူတို့က ဤအတွက် ပူးပေါင်းရန် အလွန်အမင်း လိုအပ်နေသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historical Fiction**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
