Chapter-5

780 78 1
                                    

Unicode

အဖြူရောင်လိပ်ပြာလေးတွေပါတဲ့ မျက်နှာဖုံးနှင့် အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ပြီးနောက် ရွှေဆံထိုးကို ငါ့ဆံပင်တွင်ထိုးကာ နောက်ဆုံးတစ်ကြိမ်ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်သည်.... 'နူးညံ့တယ်' ဆိုတဲ့စကားလုံးက အခုအချိန်ငါ့ရဲ့အသွင်အပြင်အတွက် ငါ့စိတ်ထဲမှာပေါ်လာတဲ့ စကားလုံးပင်..

ငါ့အမေက ကြော်ညာချက်ပြောပြီးနောက် ငါစင်ပေါ်ကို တက်သွားလိုက်သည်... ငါ လူအုပ်ကြီးကိုကြည့်လိုက်တော့ သူတို့ရဲ့ခေါင်းတွေအားလုံးက ငါ့ဘက်ကိုလှည့်နေတာကို မြင်လိုက်ရ၏.... ထိုင်ခုံမှာထိုင်လိုက်ပြီးနောက် တူရိယာနှစ်ခုနှင့် သီချင်းအပိုင်းသုံးပိုင်းကို ဖျော်ဖြေရန်ဆုံးဖြတ်လိုက်သည်...

ပုလွေနဲ့ ကုချင်းက ငါသုံးမယ့်တူရိယာတွေဖြစ်သည်... အသက်ပြင်းပြင်းရှူပြီးနောက် မျက်လုံးမှိတ်ထားရင်း ငါ့သတို့သားလောင်းကိုပြန်တွေးကာ ပုလွေကို ငါ့နှုတ်ခမ်းပေါ်တင်လိုက်သည်... ငါရဲ့ခံစားချက်အစစ်အမှန်တွေဖြစ်တာကြောင့် ဂီတသံစဉ်မှာ နူးညံ့နေ၏...

ငါဖျော်ဖြေပြီးနောက် လူတစ်ချို့က ငိုနေကြသည်... သို့ပေမဲ့ ငါပုလွေကိုချကာ ကုချင်းကိုကောက်ယူလိုက်၏.... ငါ့လက်ကို ကြိုးတွေပေါ်သို့ ညင်သာစွာတင်ပြီးနောက် လူတွေအများကြီးထပ်ရောက်လာတာကြောင့် စတင်တီးခတ်လိုက်သည်...

တတိယမြောက်သီချင်းကိုရောက်တော့ ငါ့အဖေနဲ့အမေကိုကြည့်ကာ ပြုံးလိုက်သည်...

ငါ့လက်ကိုချကာ တီးလို့ပြီးသွားကြောင်း အမူအရာပြလိုက်တော့ လူတွေအားလုံး ငါ့ကို ဝမ်းပမ်းတသာဖြင့် လက်ခုပ်ဩဘာပေးကြသည်... တချို့ဆို မျက်ရည်တွေကိုတောင် သုတ်နေကြ၏... လူတွေကိုပျော်ရွှင်စေတယ်ဆိုတာ ငါသိလိုက်ရတာကြောင့် ပြုံးလိုက်သည်...

စင်အောကိုရောက်တော့ အမတ်ချုပ်ကြီးက ငါ့ကို လာချီးမွမ်းတာကြောင့် ချိုသာစွာပြုံးပြပြီး "ကျေးဇူးတင်ပါတယ်" ဟုပြောကာ ဦးညွှတ်လိုက်သည်...

ထို့နောက် အမေက ငါ့အား ငါ့မှာ ဒီလိုစွမ်းရည်ရှိတယ်ဆိုတာကို လုံးဝမသိခဲ့ဘူးဟုပြော၏... သို့ပေမဲ့ ငါကတော့ ကံကောင်းသွားတာပါလို့ပဲ ပြန်ပြောခဲ့သည်... အမေနဲ့စကားပြောပြီးနောက် အခန်းကိုပြန်ကာ အိပ်ရာပေါ်တွင် လှဲချလိုက်ပြီး အသစ်ရှာတွေတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို တွေးလိုက်သည်..

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now