Chapter- 6

732 65 0
                                    

Unicode

ပုလွေကိုချပြီးနောက် ပရိသတ်တွေကို ဦးညွှတ်ကာ ဂါဝန်က အသာမလျက် စင်အောင်သို့ဆင်းလာလိုက်သည်... ၇ နှစ်အရွယ်လောက်ရှိတဲ့ ကလေးတစ်ယောက်က အော်ဟစ်ကာ ငါ့အပေါ်ခုန်တက်လာ၏..."အမေ!!" ငါ သူမကို ချီလိုက်သည်...

သူမလေးက ငါ့ကိုတင်းတင်းကျပ်ကျပ်ဖက်ကာ ငါ့မျက်နှာအနှံ့လိုက်နမ်းနေ၏... သူမကို အောက်ချလိုက်တော့ မျက်မှောင်ကြုတ်သွားပေမဲ့ ငါ့ကို ကိတ်မုန့်တစ်လုံး လှမ်းပေးသည်... "မွေးနေ့မှာပျော်ရွှင်ပါစေ... အမေ" သူမရဲ့ ဆီမှ နှင်းဆီတစ်ပွင့်ထုတ်ကာ ငါ့ကိုပေးသည်... 

နှင်းဆီပန်းကို နမ်းပြီးနောက် သူမအရပ်နှင့်တန်းတူဖြစ်အောင် ထိုင်လိုက်၏... "အွန်း... ဖရုံသီးလေး... အမေ့ကို နှင်းဆီပန်းတွေ ကိတ်မုန့်တွေ လက်ဆောင်ပေးစရာမလိုပါဘူး... အမေလိုချင်တာက မင်းလေးရဲ့ အချစ်တွေပါပဲ.... တခြားဘာမှမလိုဘူး" 

ငါ ဂီတကို တီးမှုတ်တိုင်း သူမလေးက ငါ့ခံစားချက်ကိုနားလည်နေတာကြောင့် ငါ့သီချင်းတွေကို ဘယ်လောက်ချစ်ကြောင်း စပြောလေတော့သည်... ထို့နောက် သူမလက်ကိုဆွဲလျက် အခန်းကိုပြန်လာလိုက်၏...

ငါ့အမေသေသွားကတည်းက သုံးနှစ်ရှိပြီ... အဲ့နေရာထွက်လာပြီး ရှင်းနိုင်ငံကမထွက်ခင် တည်းခိုခန်းတစ်ခုမှာ ရက်အနည်းငယ်လောက်နေခဲ့သေးသည်... ဘာလို့လဲဆိုတော့ ငါက အလိုရှိအပြစ်သားဖြစ်နေတာကြောင့်ပင်...

ကျိရော့က ဘယ်သူလဲဆိုတာ ဘယ်သူမှမသိတာကြောင့် ဒီနာမည်ကိုပဲ သုံးဖို့ ဆုံးဖြတ်ခဲ့သည်... အားလုံးက ကျိရော့သည် ဝမ်စားသောက်ဆိုင်ရှိ နာမည်ကြီး အမျိုးသမီးဂီတဖျော်ဖြေသူဟုသာ သိထားသည်.... ခုနှစ်နှစ်အရွယ်သမီးတစ်ယောက်ရှိပြီး ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးငယ်လေးပေါ့....

      ** ဝမ်ကျင်းကို အခုကစပြီး ကျိရော့ဟုသာ ခေါ်သွားပါမည်**

ငါ့ကို အမေလို့ခေါ်နေတဲ့ကလေးလေးက ယွမ်ယွမ်လို့ ခေါ်တယ်... ငါရွာတစ်ရွာကို ဖြတ်သွားရာကနေ စပြောတာပေါ့... လမ်းထောင့်လေးမှာ တခြားကလေးတွေကို တောင်းပန်နေတဲ့ လေးနှစ်အရွယ်ကလေးမလေးတစ်ယောက်ကို ငါတွေ့ခဲ့၏...

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now