Part - 19 ( Zg + Uni)

5.7K 281 29
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 19  )

ဒီနေ့ ကျောင်းက အပြန် ဂေဟာကို အန်တီကြည်ဖြူ
ရောက်လာသည်။  ဖြူဖြူ ကို သူ့ သမီးလေး
မွေးနေ့ အတွက် လက်ဆောင်ဝယ်ပေးဖို့
ကူရွေးပေးရန်ဆိုပြီး။ မာသာတို့ကလည်း
အန်တီကြည်ဖြူ က လာ​ခေါ်​တော့
ယုံယုံကြည်ကြည် ထည့်လိုက်သည်။

ဒါ့ကလည်း အန်တီကြည်ဖြူ နဲ့ ပတ်သက်ပြီး
ဖြူဖြူ မာသာတို့ကို တစ်ခုမချန် အရင်က
ပြောထားတဲ့ အတွက်ကြောင့်ပေ။

ကုန်တိုက်မသွားခင်လည်း အန်တီကြည်ဖြူ က
ဖြူဖြူတို့ ဂေဟာကို ပိုက်ဆံ ငါးသိန်း
လှူပေးသွားသေးသည်။

" အန်တီကြည်ဖြူ သမီးက ပန်းရောင်ဆို
တအားကြိုက်တာလေ သမီးဖြူဖြူ... ဒါပေမဲ့ သူ့
ကောင်လေးက အနက်ရောင်ပဲ ကြိုက်တော့
သူ့ပါ အနက်ဖြစ်သွားခဲ့တယ် "

လက်ကိုင်အိတ် ရွေးရင်း အန်တီကြည်ဖြူ က
ဆိုလာ၍  ဖြူဖြူ မျက်လုံးထဲ ခေါင်ယံမှိုင်း ကို
ပြေးမြင်မိသွားသည်။ ခေါင်ယံမှိုင်း ဆို
ဖြူဖြူ တွေ့လိုက်တိုင်း အနက်တော်က မထွက်။

"  သမီးဖြူဖြူ ဒီအရောင်လေး လှလား...
မိုးပြာရောင်လေး... ဒီအရောင်လေးဆို
အန်တီကြည်ဖြူ သမီးနဲ့ လိုက်မယ်ထင်တယ်နော် "

" ဟုတ် လိုက်တယ် အန်တီကြည်ဖြူ. ..
ဒါပေမဲ့ အန်တီကြည်ဖြူ သမီးက အနက်ရောင်
ကြိုက်တာဆို.. အန်တီကြည်ဖြူ အနက်ရောင်ပဲ
ဝယ်ပေးလိုက်ပါလား....??  "

" ဟုတ်သားပဲ အန်တီကြည်ဖြူ ပြောပြီး
မေ့နေတယ်.. ..ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး
သမီးကြီး အတွက်ပဲ အန်တီကြည်ဖြူ
ဝယ်သွားတော့မယ် "

" သမီးကြီး ဟုတ်လား အန်တီကြည်ဖြူ...??
အန်တီကြည်ဖြူ ပြောတော့
သမီးက တစ်ယောက်တည်း ရှိတာဆို "

ဖြူဖြူ သိချင်နေ၍ မေးလိုက်ရာ ဝမ်းနည်းသွား
သော အန်တီကြည်ဖြူ မျက်ဝန်းအစုံက
ဖြူဖြူ ရင်ထဲကို တစ်မျိုးကြီး ဖြစ်သွားစေသည်။

"  အမှန်တော့ အန်တီကြည်ဖြူမှာ
သမီးနှစ်ယောက် ရှိတာ ဖြူဖြူ.....
နှစ်ယောက်စလုံးက အမွှာတွေလေ....
ဒါပေမဲ့ မွေးမွေးချင်း အန်တီကြည်ဖြူ
သမီးအကြီးလေးက ဆုံးသွားရှာတယ်....
အန်တီကြည်ဖြူ တွေ့ခွင့်တောင် မရလိုက်ဘူး "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now