အခန်း (၃၆)

12.4K 430 79
                                    

မဟာ ရုံးခန်းထဲကနေ ပြေးတော့မပြေးပေမယ့် သူ့ကိုမြင်တာနဲ့လှည့်ထွက်သွားတဲ့ သူမနောက်ကိုအပြေးတပိုင်းလိုက်ကာ သူမလက်တဖက်ကို သူ့ရဲ့အားသန်တဲ့လက်တဖက်နဲ့တင်းတင်းဆွဲထားမိသည်။ ထုံးစံအတိုင်း ရုံးထဲက စပ်စုတဲ့လူအုပ်ကြီးကတော့ ဟန်ပင်မဆောင်နိုင်တော့အောင်ကို စပ်စုကြတော့တာပေါ့.....ဒါတွေလဲ သူမမှုနိုင်တော့ပါ ခုချိန်မှာ အရေးကြီးတာ သူ့လက်ထဲက သူမ သူ့ဆ်ီကနေထပ်ထွက်မသွားဖို့ပဲမလား။ သူမကတော့ ရုပ်ပျက်လောက်ထိ ရုန်းတာဘာညာမရှိပေမယ့် မလိုလားဘူးဆိုတာတော့ သူမရဲ့ တင်းခံနေတဲ့ လက်ကလေးက သက်သေပင်။

"တာရာ.....ထပ်ပီး ထွက်မသွားပါနဲ့"

"....."

"တာရာ ကိုယ်မှားခဲ့ပါတယ်ကွာ ကိုယ် .... ကိုယ် တောင်းပန်ပီး အကုန်လုံးအစက ပြန်စပါရစေကွာ နောက်ဆုံးတကြိမ်ပဲ ဖြစ်ဖြစ် ကိုယ့်ကိုအခွင့်ရေးပေးပါ နော်"

သူကသာ စပ်စုနေတဲ့ မျက်လုံးတွေကို ဥပေက္ခာပြုပီး အတင်းတောင်းပန် တောင်းဆိုနေတာ သူမကတော့ သူ့ကို တခုခုပြန်ပြောဖို့ မဆိုထားနှင့် လှည့်ပင်မကြည့်။

"အားလုံးပဲ ကိုယ့်အလုပ်ကို ဆက်လုပ်ပါ ဒါ ကျတော့ တရားဝင်မိန်းမပါ.....ကျတော့သားရဲ့အမေပါ စိတ်ဆိုးနေလို့ ချော့နေတာပါ"

တာရာ နောက်ကနေ အရှက်မရှိ သူများတွေကိုပြောလိုက်တဲ့ ဟိုလူ့စကားကြောင့် တော်တော့်ကို စိတ်ပျက်သွားသည်။ သူမဘဝကလဲ ရှေးဘယ်နှဘဝက သူတို့နဲ့ပတ်သတ်ပီး အဓိက သူနဲ့ပတ်သတ်ပီး ဝဋ်ကြွေးတွေ ဘယ်လောက်တောင် ရှိခဲ့လဲမသိဘူး။ ပြေးလဲ ခနပါပဲ ပြန်ပြန်ဆုံ ပြန်ပြန်ကြုံရတာပဲ။ အဲ့တာကြောင့်ပြောတာ တချို့ဆုံတွေ့မှုတွေက ရေစက်ကြောင့်လဲဖြစ်သလို ဝဋ်ကြွေးကြောင့်လဲဖြစ်နိုင်တယ်ဆိုတာ။ သူမကတော့ သူတို့နဲ့ဆုံတာ ကျိန်းသေပါတယ် ဝဋ်ကြွေးကြောင့်ဆိုတာပေါ့။

*ဟင်....နေမင်းမဟာ ရှာနေတဲ့ သူ့မိန်းမက သူလား*

*သူနဲ့က ဘယ်တုံးက ယူလိုက်တာလဲ မကြားဘူးနော်*

*သူက ဘယ်မိသားစုကလဲ ဟိုတလောကမှ နယ်ကပြောင်းလာတဲ့ ရုံးပိုင်းက ကောင်မလေးမလား*

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now